29 C
Yangon

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်းအတွက် လွှတ်တော်၊ အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းလိုက်ပြီး စီမံအုပ်ချုပ်ရေးလုပ်ငန်းများ စတင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်းအတွက် လွှတ်တော်၊ အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းလိုက်ကြောင်း ချင်းပြည်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂ (က)အရ ချင်းပြည်ကောင်စီသည် ဒုတိယသက်တမ်းအ တွက် ချင်းပြည်လွှတ်တော်ကို ပုဒ်မ ၄၂ ၊ ၅၁ ၊ ၅၂ ၊ ၅၃ နှင့်အညီဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ချင်း ပြည်ကောင်စီ ဥက္ကဌက ကြေညာထားသည်။

အဆိုပါ ချင်းပြည်နယ်လွှတ်တော်ကို Pu Hung Naing က လွှတ်တော် ဥက္ကဌ ၊ Pu Lai Min Taung က ဒုက္ကဌ ဖြစ်တာဝန်ယူထားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အလားတူ ချင်းပြည်အစိုးရအဖွဲ့ ဒုတိယသက်တမ်းကို ချင်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၉ နှင့် ပုဒ်မ ၃၂ (က) အရ ဖွဲ့စည်းထားပြီး Salai Myo Htaik က ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထား ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးအဖြစ် Pu Ram Kulh Cung ကလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး အဖြစ် Pu Ram Chum Mang ကလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးအဖြစ် Pu Maung Oo က လည်းကောင်း၊ ပညာရေးဝန်ကြီးအဖြစ် Salai James Neih Taung ကလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးအဖြစ် Dr. Sharon Par ကလည်းကောင်း၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် Pu Za Thawng ကလည်းကောင်း၊ ရှေ့နေချုပ်အဖြစ် Dr.Tial Hnin ကလည်းကောင်း တာဝန်ယူထား ကြောင်း သိရသည်။

ချင်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခန်း ၉ နှင့် ပုဒ်မ ၃၂ (က) အရ ချင်းပြည်တရားလွှတ်တော်ချုပ်ကို Pu Heng Cin ကတာဝန်ယူထားပြီး တရားသူကြီးများအဖြစ် Mai Mirriam Cuum Pai နှင့် Pu Benjamin တို့က တာဝန်ယူထားကြောင်း နှင့် ချင်းပြည်စာရင်းစစ်ချုပ်ကို Pu C.Za Cung က တာဝန် ယူထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article