26 C
Yangon

ပုလောမြို့နယ်၊ တောင်ခေါင်းလောင်းကျေးရွာကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲနေ၊ သံတောင်မြို့နယ်တွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ခေါင်းလောင်းကျေးရွာကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင် ခေါင်းလောင်းကျေးရွာပတ်ဝန်းကျင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ် တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၉ နာရီခွဲမှာ လေယာဉ်နဲ့ တောက်လျှောက် ဗုံးကျဲတာ။ တောင်ခေါင်းလောင်းကျေးရွာမှာ ရှိတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ လာတိုက်တာ။ အဲဒီမှာ သူတို့ အထိနာလို့ လေကြောင်းပစ်ကူခေါ်တာ။ ပြည်သူတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ အခုအချိန်အထိ အခြေအနေက မငြိမ်သေးဘူး” ဟု တောင် ခေါင်းလောင်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သံတောင်မြို့နယ်၊ ကွင်းချောင်းကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၆ လုံး ပျက်စီးသွားကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် KNU ၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ တောင်ငူ ခရိုင်၊ သံတောင်ကြီး (ဒေါ်ဖားခို)မြို့နယ်၊ ဝေထူးကဝေါ် ပလောထိကလိုး (ကွင်းချောင်း) ကျေးရွာ အတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ နေအိမ် ၆ လုံး ဗုံးထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်က တောအူးခရိုင်အတွင်းရှိ အရပ်သားပြည်သူလူထုကို ပစ်မှတ် ထားကာ တိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူလူထုများမှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အ သက် ရှင်နေထိုင်နေကြရကြောင်း KNU က ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article