By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ မငြိမ်းချမ်းတာနှင့် မတိုးတက်တာမှာ ပညာရေးကြောင့်လို့ဆိုပြီး ပညာရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ဖို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ကာ ပညာရေး စနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေး စာတမ်းနှင့်အကြံဉာဏ်တွေ တောင်းခံနေတယ်လို့ ပညာရေးဝန်ကြီးဌာန ဆီကနေ သိရပါတယ်။
-တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးမှာရှိတဲ့ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေး ဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ယောက် သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ယောက်ကို အရှင်မိခဲ့အပြင် လက်နက် ၁၈ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒူရကစစ်ကြောင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းက တော်လှန်ရေးတပ်တွေ ဖွင့်လှစ်ထားတဲ့ ဂိတ်အားလုံးကို ဖေဖော်ဝါရီလ ၁၇ရက် နောက်ဆုံးထား ပိတ်သိမ်းဖို့အတွက် အမှတ်(၁) ရွှေဘိုခရိုင် ကွပ်ကဲရေးအဖွဲ့ကနေ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတထရမ့်ရဲ့သား အဲရစ်ထရမ့်က အမေရိကန်အစိုးရနှင့် စာချုပ်ရှိတဲ့ ဒုံးပျံထုတ်လုပ်ရေး ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သား အဲရစ်ထရမ့်ဟာ အစ္စရေးဒုံးပျံထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်တာကြောင့် သမ္မတရဲ့ ဒုတိယသက်တမ်း အတွင်း ထရမ့်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်လာမှုနဲ့အတူ ‘အကျိုးစီးပွား ပဋိပက္ခ’ဆိုင်ရာ စိုးရိမ်မှုတွေ တကျော့ပြန် ထွက်ပေါ်လာနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




