27 C
Yangon

မြို့သစ်မြို့နယ်တွင် စစ်တပ်၏ ကပစ ၁၇ ကင်းစခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ ဝမ်းတွင်းမြို့မ ရဲစခန်းတွင် ရဲအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး နယ်ထိန်းရဲ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၁၇ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြို့သစ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၇ ကင်းစခန်း ကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး သေဆုံးပြီး ခဲယမ်းလိုအပ်ချက်ကြောင့် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မရဲစခန်းတွင် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး နယ်ထိန်း ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင် ဝမ်းတွင်းမြို့မ ရဲစခန်း၌ ရဲအချင်ချင်း စကားများရန်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားကာ နယ်ထိန်းရဲ ၁ ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော နယ်ထိန်းရဲ၏ ရုပ်အလောင်းကို ညတွင်းချင်း သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုဖြစ်တာကတော့ ဟုတ်ပါတယ်။ ရဲစခန်းထဲမှာ ဖြစ်တာဆိုတော့ အပြင်ကို သတင်းမပေါက်တာ ကျနော်တို့လည်း အခုမှ သိရတာ ပစ်ခတ်မှုဖြစ်တဲ့နေ့က ရဲစခန်းထဲကနေ ထွက်လာတဲ့ သေနတ်သံတွေလည်း ကြားရတယ်လို့ ပြည်သူတွေက ပြောတယ်။ ကျနော်တို့ ထပ်သိရတာက ပစ်ခတ်အတွင်းမှာ ရဲခွေး နယ်ထိန်း ၁ ကောင်သေတယ်တဲ့ အဲကောင်ကို ညတွင်းချင်း သဂြိုလ် လိုက်တယ်လို့ သိရတယ်” ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article