26 C
Yangon

ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့ဘက်သို့ လာသော စစ်တပ် ရိက္ခာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့ဘက်သို့ လာသော အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း People’s Defense Force – Mandalay မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့သို့ ထွက်လာသော စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့် အင်အား ၂၀ ခန့်ပါ ရိက္ခာ ယာဉ်တန်းကို မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ကျန်ပျူစောထီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း မဟာမိတ် ပူပေါင်းအဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ G3 သေနတ် ၂ လက်၊ ကာဘိုင် ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ G3ကျည် ၅၃ တောင့်တို့ကို မဟာမိတ်ပူပေါင်းအဖွဲ့ဝင်ဝင်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာများဖြင့် ဆီမီးခုံ ဆေးရုံတွင် တက်ရောက်နေသော ပျူစောထီးနှင့်ရဲ ၄ ဦးသည်လည်း ထပ်မံ ဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ခွေး ၆ ကောင် သေဆုံးပြီး နောက်ဆက်တွဲဆေးရုံမှာ စစ်ခွေး ၄ ကောင် ထပ်ပြီး သေဆုံးပါတယ်။ စုစုပေါင်း စစ်ခွေး သေဆုံးတာ ၁၀ ဦး ပါ” ဟု People’s Defense Force – Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defense Force – Mandalay (မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း) ၊ ဆီမီးခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SRF တပ်ဖွဲ့ ၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့၊ နယ်စီးမခြားတပ်ဖွဲ့၊ MGN တပ်ဖွဲ့ ၊ NGAZUN တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article