26 C
Yangon

ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ရွာကို စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ပြီး ဒဏ်ရာ အခြေအနေစိုးရိမ်ရကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဂျိုင်ရို ၂ စီးနဲ့ ပဲနုပ်ဆွပ်ကျေးရွာကို မွန်းလွဲ ၃ နာရီခန့်မှာ ဗုံးကျဲသွားတာ ပြည်သူ ၇ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article