30 C
Yangon

တောင်တွင်းကြီးတွင် ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက် စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက် စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသောကျေးရွာအုပ်ချုပ်ရေး မှူး ဆန်းဝင်းနှင့် ကျော်စိုးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည်ပိုင်းက တောင်တွင်းကြီးမြို့နယ်၊ မှုတ်ရှည်အုပ်စု ၊ ညောင်လေးပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်း ဆိုသူကို လက်နက်ကိုင်အဖွဲ့တစ်ခုက ၎င်း၏ နေအိမ် အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဆန်းဝင်းသည် ကျေးရွာနေပြည်သူများထံမှ လျှပ်စစ် မီးကြေးများ အဆမတန်ကောက်ခံခြင်း၊ စစ်မှုထမ်းကြေးများကို တစ်အိမ်လျှင် ၃ သောင်းမှ ကျပ် ၁ သိန်း အထိ ကောက်ခံခြင်း၊ ထိုသို့ ကောက်ခံနေသည်ကို PDF အဖွဲ့ထံသို့ တိုင်ကြားလျှင် တစ်ရွာလုံး စစ်တပ် ခေါ်ကာ မီးရှို့ခိုင်းမည်ဟု ခြိမ်းခြောက်ခြင်း၊ လူငယ်များကိုလည်း PDF သတင်းပေးလုပ်သည်ဟု စစ် တပ်ထံ သတင်းပေးပို့ကာ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက် နေ့လယ်ပိုင်း တောင်တွင်းကြီးမြို့နယ်၊ စစ်သား အုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်ကြီး ကျော်စိုး ဆိုသူကို လက်နက်ကိုင်အဖွဲ့တစ်ခုက ကျေးရွာ အနီး ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျော်စိုးသည် ကျေးရွာအတွင်းနေ လူငယ်များ လူ ၄ ဦး အထက်စုဝေးလျှင် စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်နေသည့်အပြင် ကျေးရွာ ပြည် သူများအပေါ် နည်းမျိုးစုံခြိမ်းခြောက်ကာ ငွေကြေးကောက်ခံခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“ဘယ်အဖွဲ့ကလုပ်သွားတာလဲတော့ မသိရဘူး။ အုပ်ကြီးဆန်းဝင်းက မီးကြေးတွေအဆမတန် ကောက်တယ်၊ စစ်မှုထမ်းကြေးလည်းကောက်တယ်၊ ကျေးရွာထဲမှာနေတဲ့ လူငယ်တွေကိုလည်း အ မျိုး မျိုးခြိမ်းခြောက်တယ်။ သူ့လိုပဲ အုပ်ကြီးကျော်စိုးကလည်း ကျေးရွာထဲမှာ လူငယ် ၄ ယောက်အ ထက်စုရင် စစ်တပ်ကို ခေါ်ပြီးဖမ်းဆီးခိုင်းမယ်လို့ ကြိမ်းမောင်းနေတာ၊ ပြည်သူတွေအပေါ် အမျိုးမျိုး ခြိမ်း ခြောက်နေကြသူတွေချည်းပါပဲ” ဟု ဒေသနေ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article