By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ကြံ့ဖွတ်ပါတီက ဦးဆောင်မယ့် အစိုးရသစ်ဖွဲ့စည်းဖို့အတွက် လွှတ်တော်တွေကို လာမယ့် မတ်လလယ်ပိုင်းမှာ စတင်ခေါ်ယူထားတယ်လို့ အကြမ်းဖက်စစ်တပ်က ကြေညာလိုက် ပါတယ်။
အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာ တည်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အရပ်သားပြည်သူတွေ ကို ဖမ်းဆီးမှုနှင့် ပြည်ပထွက်ခွာခွင့် ကန့်သတ်မှု တွေကို အရှိန်အဟုန်နဲ့ မြင့်တက်နေတယ်လို့ Spring Revolution Database (SRD)ရဲ့ အစီရင်ခံစာ အရ သိရပါတယ်။
မကွေးတိုင်း၊ ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ မကွေးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ယူကရိန်းက သူရဲ့နယ်မြေထဲမှာရှိတဲ့ ရုရှားရေနံပိုက်လိုင်း ကို ပိတ်ဆို့လိုက်မှုကြောင့် စလိုဗက်ကီးယားက ယူကရိန်းကို ပေးနေတဲ့ အရေးပေါ်လျှပ်စစ်မီးတွေ ရပ်ဆိုင်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




