By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က လာမယ့် ဧပြီလဆန်းပိုင်းမှာ သမ္မတ ရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းကာ နိုင်ငံတော်ရဲ့တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်မယ်လို့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုပါတယ်။
မွန်ပြည်နယ်ဘက်မှာတော့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ အနင်းရဲစခန်းနှင့် ရေးမြို့နယ်မှာရှိတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေး တပ် (MSRF) ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပြည်သူတွေ ကိုပါ သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ယူကရိန်းစစ်ပွဲ ၅ နှစ်ထဲ ဝင်လာပေမယ့် ရုရှားဟာ အောင်နိုင်တာမရှိသေးဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီး ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




