By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင် အမတ်ဖြစ်လာပေမယ့်လည်း လက်ရှိ တာဝန်ထမ်း ဆောင်ဆဲ ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး အပါ အဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေက ကြံ့ဖွတ်ပါတီကို အဆက်အသွယ်မလုပ်ဘဲ လျစ်လျူရှုထားတယ်လို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မသန်စွမ်းသူတွေကို လှောင်ပြောင်တဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ၁ နှစ်ကြာ ဖျော်ဖြေခွင့် ပိတ်ပင်လိုက်ပြီးနောက် နာရီပိုင်းတွင်းပဲ ပြန်ကခွင့်ပေး လိုက်ရတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ တာကြောင့် စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားတယ်လို့ ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
-အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ ဆွေးနွေးပွဲတွေမှာ အီရန်ရဲ့ ရပ်တည်ချက်အပေါ် စိတ်ပျက်မိတယ်လို့ သောကြာနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




