31 C
Yangon

ငဖဲမြို့နယ်၊ နတ်ရေကန်စစ်တပ်ဗျူဟာကုန်း၏ အဓိက ပင်မ ကာကင်းစခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၆

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်း အဓိက ပင်မ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လပထမပတ်အတွင်း ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကာကင်း စခန်းကို အာရက္ခတပ်တော် -AA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ် ရက်အကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းအချို့နှင့်အတူ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကျန်ရှိနေသော စစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“သိမ်းပိုက်ရရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီစခန်းက သိမ်းလိုက် ပြန်ထိုးလိုက်နဲ့ဖြစ်နေတဲ့ကာကင်း စခန်းပါ၊ အခု သိမ်းမိပြီးတဲ့နောက်မှာတော့ စခတွေဘက်က စစ်ကြောင်း ပြန်ထိုးလာတာမရှိသေးပါဘူး” ဟု ရှေ့ တန်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုသိမ်းပိုက်ရရှိခဲ့သော ကာကင်းစခန်းသည် နတ်ရေကန်တောင်ကြောပေါ်တွင် တည်ရှိပြီး စစ်တပ် ဗျူဟာကုန်းစခန်းတွင် တကြောတည်း တည်ရှိကာ အဓိက ပင်မကာကင်းစခန်းတစ်ခုဖြစ်ကြောင်း၊ ယင်းစခန်းအတွင်းမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် အမြဲတမ်းပစ်ခတ်တိုက်ခိုက်နေသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ယင်းနတ်ရေကန်တောင်ကြောတ လျှောက်ကို Y12 ၊ ဂျက်ဖိုက်တာ၊ ဒရုန်းများဖြင့် နေ့စဉ်ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ အာရက္ခတပ် တော်ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့်လည်း ယင်းနတ်ရေကန်ဗျူဟာကုန်း စခန်းကို ဝိုင်းပတ်ပိတ်ဆို့ကာ ရိက္ခာများဖြတ်တောက်ထားကြောင်း သိရသည်။

ထို့သို့ ဝိုင်းပတ်ပိတ်ဆို့ကာ ရိက္ခာများဖြတ်တောက်ထားမှုကြောင့် စစ်ကော်မရှင်တပ်သားများအနေ ဖြင့် နေ့စဉ်နှင့်အမျှထွက်ပြေးရန် ကြိုးစားလျက်ရှိကာ အချို့မှာ ထွက်ပြေးလွတ်မြောက်လာပြီး အာရက္ခတပ်တော်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံ အလင်းဝင်ရောက်နေသူများလည်းရှိ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article