29 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပက်သက်ပြီး အကြမ်းဖက် မြန်မာစစ်တပ်က အမေရိကန်နဲ့ အစ္စရေးတို့ကို နာမည်တပ် မဝေဖန်ရဲဘဲ လွန်စွာစိုးရိမ်ပူပန်တယ်ဆိုပြီးတော့သာ ထုတ်ပြန် ကြေညာလာပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး က ပြောသွား ပြန်သလို ၊ အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်တာမျိုး မရှိဘူးလို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်လက်အောက်ခံ မကွေးတိုင်း ရေနံမြေရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှရီက ထောင်ထွက် လူမိုက်တွေနဲ့ အသက်မပြည့်သေးတဲ့သူတွေကိုပါ ရဲတပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းခိုင်းနေ တယ်လို့ ရဲသတင်းရင်းမြစ် ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အမေရိကန်စစ်တပ်ကို တိုက်ခိုက်နိုင်အောင် ရုရှားက အီရန်ကို ထောက်မ်းလှမ်းရေးသတင်းတွေပေးခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြလိုက်ပြီး ၊ အမေရိကန်ဘက်ကတော့ ဒါဟာ အမေရိကန်ရဲ့စစ်ဆင်ရေးတွေအပေါ် ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ပြောဆိုလိုက်ပြီး အမေရိကန်တပ်တွေက အီရန်ကို အပြတ်အသတ် ချေမှုန်းနေတယ် လို့ဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article