27 C
Yangon

သံဖြူဇရပ် စက်စဲရွာတွင် DKBA ဗိုလ်ကြီးစောကိုမျိုးနှင့် ရဲများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေ

Must read

ရန်ကုန်၊ မတ် ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် DKBA ဗိုလ်ကြီးစောကိုမျိုးနှင့် ရဲများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေသည့် ကာလအတွင်း သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ ဘော လုံးကွင်းအတွင်း ဇာတ်သဘင်ပွဲများကို ဟန်ပြကာ လောင်းကစားဝိုင်းများကို အကြီးအကျယ် ပြုလုပ်နေပြီး၊ ယင်းလုပ်ရပ်နောက်ကွယ်တွင် DKBA အဖွဲ့ဝင်များနှင့် ရဲအရာရှိများ ပါဝင်ပတ်သက်နေကြောင်း

အဆိုပါ လောင်းကစားဝိုင်းများကို မုဒုံမြို့မှ DKBA ဗိုလ်ကြီးစောကိုမျိုး ဆိုသူက ဦးဆောင်ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး စောကိုမျိုးမှာ DKBA အဖွဲ့အမည်ကို အသုံးပြု၍ လောင်းကစားဝိုင်းများမှ ရရှိသည့် အကျိုးအမြတ်များဖြင့် ချမ်းသာကြွယ်၀လာကြောင်း သိရှိရသည်။

“သံဖြူဇရပ် ရဲတပ်ဖွဲ့ မြို့နယ်မှူးဟာ သူ့အိတ်ကပ်ထဲက လူပဲ၊ သူပေးကျွေးထားလို့ အဆင်ပြေနေတာ၊ သူသာမပေးရင် မြို့နယ်မှူး လစာနဲ့တောင် လောက်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမျှ ဂရု စိုက်စရာမလိုဘူးလို့ DKBA ဗိုလ်ကြီးစောကိုမျိုးက ကြွေးကြော်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သံဖြူဇရပ်တွင် DKBA က လောင်းကစားဝိုင်းများကို လုပ်ဆောင်ပြီး သံဖြူဇရပ်မြို့နယ် ရဲမြို့နယ်မှူးနှင့် ရံမှူးမိုးမြင့် တို့က အကောက်ခွန်များ ယူ၍ ဖွင့်လှစ်ခွင့်ပေးထားကြောင်း၊ ထို့ပြင် စက်စဲကျေးရွာဥက္ကဋ္ဌစိုးအောင် ကိုယ်တိုင်လည်း လောင်းကစားဝိုင်းများထံမှ အကောက်ခွန်များ ရယူနေကြောင်း သိရှိရသည်။

သံဖြူဇရပ်တွင် တစ်နှစ်ပတ်လုံး လောင်းကစား၀ိုင်းများ မရပ်မနား ဖွင့်လှစ်နေခြင်းကြောင့် စက်စဲကျေးရွာအတွင်းရှိ လူငယ်များ၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တများ ပျက်ပြားလာနေကြောင်း၊ လောင်း ကစားကြောင့် အိမ်ပေါင်၊ ခြံပေါင်လုပ်ရာမှ ဘဝပျက်သွားသူများပြားလာကြောင်း၊ လင်မယားကွာရှင်းမှုများပြားလာပြီး မိသားစုဘဝများ ပျက်စီးခြင်း၊ ခိုးဆိုးလုနှိုက်မှုများ ထူပြောလာသဖြင့် ရပ်ရွာလုံခြုံ ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်လာနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

စက်စဲကျေးရွာမှ လောင်းကစား၀ိုင်းများနှင့်ပတ်သက်၍ DKBA နှင့်ရဲများ ပူးပေါင်းပြီး အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာနေသည့် ဗိုလ်ကြီးစောကိုမျိုးနှင့် ပါဝင်ပတ်သက်နေသည့် အာဏာပိုင်များကို ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးမယူကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article