29 C
Yangon

မိုးကုတ်တွင် တိုက်ပွဲများ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က စစ်ကူ အများအပြား ပို့ဆောင်ရန် ပြင်ဆင်နေ၊ သံဖြူဇရပ်နှင့်ရေးတွင်လည်း စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က စစ်ကူ အများအပြား ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘော်ဗဒါန်းရွာဘက်မှ ကျောက်ဆင်ရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကိုလည်း ကျောက်စာတောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေ၍ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်မှုထမ်း တပ်သားသစ် အများအပြားကို စစ်ကူပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း၊ ယင်းတိုက်ပွဲများသည် ယနေ့ မတ်လ ၁၁ ရက်နေ့ထိ ဖြစ်ပွားနေပြီး မိုးကုတ်မြို့ အနောက်ပိုင်းတွင် နေထိုင်သော ပြည်သူများ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း သိရှိရသည်။

“မိုးကုတ်အနောက်ပိုင်းမှာ တိုက်ပွဲက ဆက်လက်ဖြစ်နေတုန်းပဲ ဒီနေ့လည်း လက်နက်ကြီး၊ လက်နက်ငယ် ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်။ အနောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ခွေးတွေ အထိနာလို့ အခု စစ်မှုထမ်း တပ်သားသစ် အများအပြားပါဝင်တဲ့ စစ်ကူတွေ ပို့ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စခန်းများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ထင်းရူးရွာရဲစခန်းနှင့် အနင်းရွာရဲစခန်းတို့ကို တပင်ရွှေထီးကိုကျိုက် Drone Team အဖွဲ့က ဒရုန်းဖြင့် ဗုံး ၁ လုံးစီခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်မှထိခိုက်မှုများရှိသော်လည်း အရေတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသ်ည။

ထို့ပြင် ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း ရေးမြို့နယ် ကျောက်ထပ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ကွမ်ကျိုက်စခန်းကုန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အဲ့စခန်းတွေမှာ ခွေးအင်အားကတော့ ပတ်ကင်းပတ်တာကို ၂၀ ကျော်ခန့်ဖြင့် ကင်းပတ်လေ့ရှိတယ်။ အထိုင်မှာကျတော့ ၆၀ ခန့်ကျော်လောက်ရှိတယ်။ သူတို့ အနည်းဆုံးမရှိဘူးဆို ၁၀၀ ကျော်လောက်ရှိတယ်။ ထင်းရှုးရဲစခန်းနဲ့အနင်းရဲစခန်းကို ဒရုန်းနဲ့ ဗုံးနဲ့ ၁ လုံးစီကျဲချတိုက်ခိုက်တာပါ။ ကျောက်ထပ်တောင်ဘက်ထိုးလာတဲ့ စစ်ကြောင်းက အောင်သပြေရွာနဲ့ အောင်သာယာရွာကို ထိုးတာ ကျနော်တို့က သူတို့တိုးလာတာကို ကြားဖြတ်ပြီး ဟန့်ထားတာပါ။ ခွေးစခန်းတွေဆိုတော့ သူတို့က သတင်းကိုဖျောက်ထားတော့ ထိခိုက်မှုတွေကတော့ရှိတယ် ကျနော်တို့ သေချာတော့ သတင်းမရသေးဘူး” ဟု တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article