29 C
Yangon

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး ဓားဖြင့် မွှန်း နှိပ်စက်

Must read

ရန်ကုန်၊ မတ် ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး ဓားဖြင့် မွှန်းနှိပ်စက်ခဲ့ကြောင်း SSPP Info၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်အထိ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာ အုပ်စု ပုံဝိုးကျေးရွာ နှင့် ကွမ်ဟင်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်က ပုံဝိုးကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာပြီးနောက် ရွာသူ/ရွာသားများအားလုံးကို ပုံဝိုးဘုန်းကြီးကျောင်းသို့ စုဝေးခိုင်းခဲ့ပြီး စစ်သား များက နေအိမ်များအားလုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ နေအိမ်များကို ရှာဖွေ စစ် ဆေးခြင်းနှင့်အတူ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသားအချို့ကိုလည်း ရိုက်နှက် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ရိုက်နှက်စစ်ဆေးတာလုပ်တယ် ကျောကုန်းကို ဓါးနှင့်လှီးပြီးစစ်ဆေးတာလုပ်တယ်။ ရှမ်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ရှမ်းလူမျိုးကို အဓိက ပစ်မှတ်ထားပြီး ဒုက္ခပေးတာ၊ အခြားတိုင်းရင်းသားတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ရင်လည်း လူမျိုးရေးကို ဦးတည်ပြီး ဒုက္ခလိုက်ပေးတာ အဲ့ဒါက ဗမာစစ်တပ် (စစ်ကော်မ ရှင်တပ်) တွေရဲ့ လုပ်လေ့လုပ်ထ လုပ်ရပ်တစ်ခုပဲ။ ဗမာစစ် သား (စစ်‌ကော်မရှင်တပ်) လို့ ကြားရင်ပြေးရမယ် ၊ ပုန်းရမယ် ။ မပြေးချင် မပုန်းချင် မနှိပ်စက်ခံချင်ဘူးဆိုရင် လက်နက်ကိုင်တော်လှန်ရ မှာပဲ။ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ ဒီတစ်လမ်းတည်းသာ ကျန်တော့တယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးစစ်ဆေးခံရသူများအချို့ကို မတ်လ ၁၁ ရက် ည ၈ နာရီခန့်တွင် ပြန်လည်လွတ်ပေးခဲ့သော် လည်း ဒေသခံများအချို့ကို ယနေ့အချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါဒေသအတွင်း နှစ်ဘက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေ ပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပါက စစ်ကော်မရှင်တပ်၏ ဒုက္ခပေးမှုများမှ လွတ်မြောက်ရန်အတွက် ဘေးလွတ်ရာသို့ အချိန်မှီ ထွက်ပြေးတိမ်းရှောင်နိုင်ရန် စီစဉ်နေကြကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းကာလ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခဲ့သော အကြမ်းဖက်စစ်တပ်မှ တပ်သား ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article