By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်ဦးစီးချုပ်အဖြစ် ၁၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေကို ရှင်းလင်းပွဲ မင်းအောင်လှိုင် ပြုလုပ်ခဲ့ပြီး စစ်တပ် အနားယူပြီး သမ္မတလုပ်မယ့် အခွင့်အလမ်းပိုများပြားလာနေသလို အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ တော့ ဖြစ်လာဖို့ အတော်ကို ရာခိုင်နှုန်း နည်းသွားပြီလို့ နေပြည်တော် စစ်ဘက်သတင်း ရင်းမြစ်ကပြောပါတယ်။
စစ်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီဆိုင်တွေ မှာ QR Code စနစ်နဲ့ ရောင်းချဖို့ စစ်အုပ်စု က ညွှန်ကြားပြီးတဲ့ နောက် ရန်ကုန်အပါဝင် မြို့ အတော်များများမှာ ဆီဝယ်ယူဖို့ ခက်ခဲလာ တယ်လို့ ရန်ကုန် နဲ့ မြို့ကြီး တချို့က ယာဉ်ပိုင်ရှင်တွေ ဆီစုံစမ်းသိရှိရပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် ရေနံမရဲစခန်းဘက်ကနေ ဒီးဒုတိကန်ကျေးရွာဘက်ကို မောင်းလာတဲ့ ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီး နှင့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ပြည်စိုးကျေးရွာ လမ်းပေါက်အရောက်မှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ရေနံစျေးတက်တာနဲ့ ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပြတ်တောက်နေတာဟာ အရှေ့တောင်အာရှ စီးပွားရေးကို တိုက်ရိုက်ရိုက်ခတ်နေပြီ ဖြစ်တာကြောင့် ဒီစစ်ပွဲတွေကို ချက်ချင်းရပ်တန့်ကြဖို့ အာဆီယံဝန်ကြီးတွေက သောကြာနေ့မှာ တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




