26 C
Yangon

တနင်္သာရီတိုင်းတွင် KNLA နှင့်PDF ပူးပေါင်းမဟာမိတ်တပ်များက စစ်စခန်းများ၊ ရဲစခန်းများ၊ကာကင်းစခန်းများကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ရဲစခန်းနှင့်စစ်စခန်း ၁ ခုကို သိမ်းပိုက်

Must read

ရန်ကုန်၊ မတ် ၁၄

တနင်္သာရီတိုင်းတွင် KNLA နှင့်PDF ပူးပေါင်းမဟာမိတ်တပ်များက စစ်စခန်းများ၊ ရဲစခန်းများ၊ကာကင်းစခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ရဲစခန်း ၁ ခုနှင့်စစ်စခန်း ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့ မတ် ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ၄ လက်အောက်ခံ KNDO တပ်ရင်း ၇ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၅ ၊ KNLA အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းသိမ်းပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုစစ်တပ် စခန်းသည် ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်း ပုလောမြို့ တောင် ယာကမ်းကျေးရွာတွေတည်ရှိ ပြီး ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးအချိန်မှ စတင်၍ တပ်စွဲထားသော နေရာဖြစ်ကြောင်း၊ ယင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၁ ရက်နေ့ မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ကျော် သည် စခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၁ လက် နှင့် ခဲယမ်းတချို့သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

“အဲစစ်ခွေးစခန်းက မြိတ်-ထားဝယ် လမ်းပိုင်းကစခန်းပဲ ဒါပေမယ့် သူက ပုလောဘက်ရောက်တယ်။ ဒီနေ့ နံနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဟုတ်ပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ပုလောမြို့နယ် တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စကစစခန်း၊ အောက်ပေါင်းရွာရဲစခန်း၊ စကစ၏ ဒရုန်းတပ်ဖွဲ့ ထိုင်ထားသော လေသာတောင်၊ ပုလောမြို့နှင့် ရဲစခန်းကို ကာရံထားသော ကင်းစခန်းတို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စကစ၏ ဒရုန်းတပ်ဖွဲ့၊ ဒရုန်းအကြီးအစုံအလင်နှင့် အောက်ပေါင်းရွာ ရဲစခန်းအားကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲတွင် မိမိတို့ KNLA တပ်မဟာ ၄ ၊ အထူးတပ်ဖွဲ့မှ ဦးဆောင်၍ KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇ ၊ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၅ ၊ ဝေယံအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁၁ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်း မင်းဒပ်ကျေးရွာ အတွင်းရှိ ဝင်းဝတပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article