26 C
Yangon

မြိတ်လေတပ်စခန်းဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု လေတပ်စစ်သည် ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၄

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ အကြမ်းဖက်စစ်တပ်၏ မြိတ်လေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လေတပ်စစ်သည် ၁၀ ဦး သေဆုံးသွားကြောင်း လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့၊ နံနက် ၄ နာရီကျော်အချိန်တွင် တော်လှန်ရေးတပ်များက ၁၀၂ မမ ကဲ့သို့သော ဗုံးများကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဗုံးများသည် လေတပ်စခန်းဝင်းအတွင်းရှိ စစ်သည်အဆောင်များပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“အမျိုးသား စစ်သည်အဆောင်ပေါ် ဗုံးတည့်တည့်ကျတာ၊ သေဆုံးသူ ၁၀ ဦးရှိပြီး ဒဏ်ရာရသူတွေလည်း များတယ်။ ဒရုန်းဗုံးတွေက ပေါက်ကွဲအား အတော်ပြင်းတယ်” ဟု လေတပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညပိုင်းကတည်းက မြိတ်လေတပ်စခန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ပြီး ပေါက်ကွဲသံ ၆ ကြိမ်ထက်မနည်း ထွက်ပေါ်ခဲ့ကာ မြေကြီးတုန်ဟီးသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။

မြိတ်လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုအတွက် ပျက်စီးမှုများကို စိစစ်နေသကဲ့သို့ တိုက်ခိုက်ခံရချိန်တွင် ပေါ့လျော့ခဲ့သည့် လုံခြုံရေးတာဝန်ကျစစ်သားများကိုလည်း စစ်တင်္ပက အရေးယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၂ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီသိုလှောင်ကန်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။ အဆိုပါတိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး ၁၃ လုံးမှာ လေတပ်အတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article