28 C
Yangon

TNLA နှင့် MNDAA ပဋိပက္ခ လက်ရှိနွေဦးတော်လှန်ရေးအတွက်ပါ အကျိုးသက် ရောက်နေ၍ တွေ့ဆုံဆွေးနွေးကြရန် နွေဦးတော်လှန်ရေးမဟာ မိတ်တပ်ပေါင်းစု-SRAက တိုက်တွန်း

Must read

ရန်ကုန်၊ မတ် ၁၆

TNLA နှင့် MNDAA ကြားတိုက်ပွဲသည် လက်ရှိနွေဦးတော်လှန်ရေးတစ်ခုလုံးအတွက်ပါ အကျိုးသက် ရောက်မှုများစွာနေသောကြောင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု -SRA က တိုက်တွန်း လိုက်သည်။

မတ်လ ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ကွက်ခိုင်မြို့နယ်မှစ၍ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ညီနောင်မဟာမိတ် အချင်းချင်းကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့်အပေါ် များစွာ စိုရိမ်ပြီး စိတ်မကောင်းဖြစ်ရပါကြောင်း နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု(SRA) က ပြောဆိုထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုမှသည် အချင်းချင်းကြား မဟာမိတ်ခိုင်မာမှု၊ အဖိနှိပ်ခံအချင်းချင်း သွေးစည်းညီညွတ်ကြမှုရှိခြင်းတို့အပေါ် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ချေမှုန်းခွင့်ရခဲ့သည့်အတွက် နွေဦးတော်လှန်ရေးအင်အား စု များအနေဖြင့် အစဉ်အမြဲ ဂုဏ်ယူလျက်ရှိကြောင်း ဆက်လက်၍ အသိ ပေးထား သည်။

ယခုကဲ့သို့ အချင်းချင်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေကြခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်းနှစ်ခု တည်းသာ ထိခိုက်ခြင်းမဟုတ်ဘဲ လက်ရှိတော်လှန်ရေးတစုံလုံးအတွက်ပါ အကျိုးသက်ရောက်မှုများ စွာ ရှိနေကြောင်း ၊ ထို့ကြောင့် ပြည်သူအများ ယုံကြည်မျှော်လင့်နေကြသည့် ပြည်ထောင်စုတခုလုံး၏ အကျိုးကို မျှော်ကိုး၍ အချင်းချင်းကြား ဖြစ်ပွားတတ်ကြသည့် မိတ်ဖက်ပဋိပက္ခများကို လက်နက် ကိုင် နည်းလမ်းအားဖြင့် မဖြေရှင်းကြဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article