28 C
Yangon

ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်နေ၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းသို့ MNDAA တပ်များ က ဆက်လက် ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ မတ် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များက က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များအားလုံးက ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာများကို MNDAA က ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကွတ်ခိုင်တစ်ကြောကတော့ ရှင်းသွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံစံမျိုးပဲရှိတယ်။ အခုက MNDAA တပ်တွေက နမ့်ဖတ်ကာကနေ နမ့်ခမ်းသွားတဲ့လမ်းမှာတော့ ထိတွေ့ဆက်ဖြစ်နေတယ်။ နမ့်ခမ်းဘက်ကိုတော့ ထိုးစစ်ဆင်နေတယ်။ နမ့်ခမ်းမြို့အထိ သွားမလား၊ မသွားဘူးလား အဲဒါကတော့ မသိရသေးဘူး”ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော TNLA နှင့် MNDAA ပဋိပက္ခတွင် MNDAA တစ်ဖွဲ့တည်းကသာ စစ်ဆင်ရေးလုပ်နေခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများ ပါဝင်သည်ဟု မကြားမိသေးကြောင်း MNDAA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

နွေဦးတော်လှန်ရေးအင်အားစုများနှင့် CDM ကွန်ရက်များကမူ TNLA နှင့် MNDAA အကြား ပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တအာင်း TNLA တပ်ကလည်း ပြဿနာကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာရန် တောင်းဆိုထားသော်လည်း MNDAA ၏ ထိုးစစ်မှာမူ ကွတ်ခိုင်မြို့တွင် မရပ်တန့်သေးဘဲ ရှေ့သို့ ဆက်လက်တိုး ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကွတ်ခိုင်မြို့လယ်ခေါင်တွင် TNLA တပ်သားတချို့ ကျဆုံးခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article