36 C
Yangon

မြိုင်မြို့နယ်၊ ကန်နီရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း-၁၅ မှ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ခလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ အနောက်ဘက်ကို အင်အား ၂၃ ဦးဖြင့် ရိက္ခာရှာရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း နှင့် ဆွေမျိုးတော်စပ်သူ ဇော်ညွန့် ဆိုသူတို့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပျူစောထီး ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာခဲ့ပြီး စစ်သား ၁ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

“ကန်နီပျူစောထီးရွာကနေ အနောက်ဘက်ကို အင်အား ၂၃ ကောင်လောက်နဲ့ ရိက္ခာရှာထွက်လာတာကို ကျနော်တို့က စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပေါ့။ တိုက်ခိုက်မှုအတွင်းမှာ ကန်နီ ပျူစောထီးရွာရဲ့ အမာခံ ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်းနဲ့ ဆွေမျိုးတော်စပ်တဲ့ ဇော်ညွန့်ဆိုတဲ့ ကောင် ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၃ ကောင်လောက်ရှိတယ်။ နောက်နေ့ကျတော့ အနောက်ဘက်ထွက်မရလို့ အရှေ့တောင်ဘက်ကို ထပ်ထွက်ပြီး ထန်းအူတွေပေါက်ယူသွားတယ်။ ကန်နီက စစ်ခွေးတွေ ရိက္ခာပျက်နေပြီ” ဟု ပခုက္ကူခရိုင် တပ်ရင်း-၁၅ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ခလေးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း-၁၅ နှင့်အတူ ကန်နီရွာကို အခြေပြုဖွဲ့စည်းထားသော ကန်နီ ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းက ပြုလုပ်နေသည့် ”သိန်းငါးရာကူညီ အညာအရပ်ဆီ” ကမ်ပိန်းကို ပြည်သူများ ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article