By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင်စိတ်ကြိုက် စီမံထားတဲ့အတိုင်း သူ့လက်အောက်ခံ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးဆိုသူကပဲ သူတို့ရဲ့ လွတ်တော်မှာ ပြိုင်ဘက်မရှိ အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြန်ပါတယ်။
မြန်မာအကြမ်းဖက် စစ်တပ်ရဲ့ ဦးစီးချုပ်အဖြစ်ကနေ အနားယူဖို့ အလားအလာများနေတဲ့ မင်းအောင်လှိုင်ကို ထိုင်းစစ်တပ်ခေါင်းဆောင်တွေ နေပြည်တော်မှာ ဒီကနေ့ နောက်ဆုံး လာရောက် နှုတ်ဆက် တွေ့ဆုံမှု လုပ်ခဲ့တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဆွမ်ပီယံ စစ်ဆင်ရေး ဂိတ်မှာ စစ်တပ် ဗိုလ်မှူးစောမွန်အောင် ဆိုသူက ကုန်ကားတွေ နဲ့ခရီးသည်တွေကို အကြီးအကျယ် ငွေညှစ်နေပြီး ဘတ်ဟိုး ယာဉ် ၁ စီးကို ငွေကျပ် ငွေသိန်း ၈၀ အထိ မတရားတောင်းယမ်းနေတယ်လို့ သိရပါတယ်။
-အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန်လုံခြုံရေး အကြီးအကဲ ထပ်မံ သေဆုံးပြီးတဲ့နောက် တင်းမာမှု လျှော့ချရေး ကမ်းလှမ်းချက်တွေကို အီရန်ဘက်က ပယ်ချလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




