31 C
Yangon

စလင်းတွင် ပျူစောထီးအချင်းချင်း အဝေမတည့်ဘဲ လောင်းကစားဝိုင်းကို သေနတ်ပစ်ဖောက်စီးနင်းမှု လူ ၁၅ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခြေသေ့ဦးကျေးရွာရှိ ပျူစောထီးများ ကိုယ်တိုင်ထောင်ထားသည့် လောင်း ကစားဝိုင်းကို ကျွဲချောင်းကျေးရွာ ပျူစောထီးခေါင်းဆောင် ထွန်းနိုင်အဖွဲ့က သေနတ်ပစ်ဖောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားကြောင်း ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ဝန်းကျင်တွင် စလင်းမြို့၏ အရှေ့တောင်ဘက်ရှိ ခြေသေ့ဦးကျေးရွာတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို ကျွဲချောင်းရွာ ပျူစောထီးခေါင်းဆောင် ထွန်းနိုင် ဦးဆောင်သည့် အင်အား ၁၀ ဦးခန့်ရှိသော အဖွဲ့က သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါစီးနင်းမှုအတွင်း လောင်းကစားပြုလုပ်နေသည့် အမျိုးသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ အသက် ၂၅ နှစ်မှ ၄၀ နှစ်ကြားအရွယ်ရှိ ခြေသေ့ဦးကျေးရွာနှင့် အနီးနားရွာများမှ ပြည်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်းနှင့် ဖဲဝိုင်းများ ပါဝင်ပြီး ပျူစောထီးအဖွဲ့ဝင်များက ကိုယ်တိုင်ဒိုင်ခံခြင်း၊ အကောက်ခွန်ယူခြင်းနှင့် နေ့စဉ်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့် ဝိုင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက “ဖမ်းဆီးတာက မတ်လ ၁၈ ရက် ညနေပိုင်းကပါ။ ဒီလောင်းကစားဝိုင်းကို ပျူစောထီးတွေကပဲ ထောင်ထားတာပါ။ ဝင်ဖမ်းတဲ့အဖွဲ့က ကျွဲချောင်းရွာ ပျူခေါင်းဆောင် ထွန်းနိုင်အဖွဲ့ဖြစ်တယ်။ ဘာလို့ သေနတ်ပစ်ဖောက်ပြီး ဖမ်းတာလဲဆိုတော့ ပျူအချင်းချင်း မတည့်တာရယ်၊ လောင်းကစားငွေ အဝေမတည့်တာရယ်ကြောင့် ဖြစ်မယ်ထင်ပါတယ်။ တပ်မ ၂၅၄ ထဲက ဗိုလ်မှူးအဆင့်ရှိတဲ့ 2ic ဆိုတဲ့တစ်ယောက်ကိုလည်း လောင်းကစားကြေး ပေးရတယ်လို့ ပြောတယ်။ ထွန်းနိုင်အဖွဲ့ကလည်း ကြားကနေ ဖြတ်စားသေးတော့ အဝေမတည့်လို့ အခုလို ဖမ်းဆီးတာ ဖြစ်နိုင်ပါတယ်။”ဟု ရှင်းပြသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသေးသော်လည်း ပျူစောထီးအချင်းချင်း ဖြစ်သည့်အတွက် ငွေဖြင့်ညှိနှိုင်းပါက ပြန်လည်လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ယူဆနေကြသည်။

စလင်းအခြေစိုက် ခလရ ၂၅၄ တပ်က နှစ်စဉ် ခြေသေ့ဦးကျေးရွာတွင်္င လောင်းကစားဝိုင်းများကို ကိုယ်တိုင်ထိန်းချုပ် ကိုင်တွယ်လေ့ရှိကြောင် သိရသည်။

ပျူစောထီးအဖွဲ့များက အချင်းချင်း ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ကျေးရွာအတွင်း သေနတ်များထပ်မံ ပစ်ဖောက်ကာ တစ်ပတ်ပတ်၍ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ခြေသေ့ဦးကျေးရွာရှိ လောင်းကစားဝိုင်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့က သတိပေးဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article