28 C
Yangon

သရက်ချောင်းမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာ၍ လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်က အထိနာ၍ လေယာဉ်ဖြင် ဗုံး ၁၀၀ ကျော်ကျဲချ တိုက်ခိုက်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၂ ရက် နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် သရက်ချောင်းမြို့နယ် ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာ၍ Y-12 ၂ စီး၊ ဂျက်ဖိုက်တာများဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်နေပြီး စစ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၁ ရက်နေ့ကလည်း ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်တွင် တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လက်ရှိချိန်ထိ ဂုံညင်းဆပ်ရွာအနီးတွင် ဝင်းဝစခန်းမှ ထွက်ပြေးလာသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းမှ လက်ကျန် စစ်သားများ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက ဒီနေ့လည်း မနက်ရော နေ့လည်ရော လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ မနေ့ကလည်း မနက်ရော နေ့လယ်ရော ကျဲသွားတယ်။ Y-12 ၂ စီး ဂျက်ဖိုက်တာရော ဗုံးရာနဲ့ချီပဲ ကျဲတာ ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်ကိုပဲ ကျဲသွားတာ။ အဲ့နားမှာ တိုက်ပွဲတွေက ဖြစ်လိုက်နားလိုက်နဲ့ အဲ့နားမှာပဲ တောက်လျှောက် တစ်နေကုန် ဖြစ်နေတာ စစ်ရှောင်နေရတာတော့ ရွာပေါင်း ၁၅ ခုက ပြည်သူ ၅၀၀၀ ခန့်က ဆက်ပြီး တိမ်းရှောင်နေရတုန်းပါပဲ။ ပြန်ဝင်လို့လည်း မရသေးဘူး။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာတွေတော့ရှိတယ် အတိအကျတော့ မသိရသေးဘူး။ တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်နေတုန်းပဲ” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ နေ့စဉ် ဗုံးကျဲတိုက်ခိုက်မှုနှင့် မြေပြင် တိုက်ပွဲများကြောင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ဂုံညင်းဆိပ်၊ ပြင်းဖြူသား၊ သဲချောင်းသား၊ စုံစင်ဖျား၊ စုံစင်နှင့် မင်းဒပ် အပါအဝင် အနီးနားရှိ ရွာပေါင်း ၁၅ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article