27 C
Yangon

ငဖဲမြို့နယ်၊ မန်းချောင်းဆည်တွင် ယာယီစခန်းချထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်း(ကြောင်နွားသိုး)ဆည်တွင် ယာယီစခန်းချထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် ငဖဲမြို့နယ် အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသော အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် မန်းချောင်း (ကြောင် နွားသိုး) ဆည်ဘက်သို့ စစ်ကြောင်းထိုးလာပြီး မန်းချောင်းရေပိုလွှဲ အရှေ့ဘက် မီတာ ၉၀၀ ကျော် အရောက်တွင် ယာယီတပ်စွဲထားစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးခန့်သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးလို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာမျိုး မရှိသေးပါဘူး။ ပြန်ဆုတ်ပြေးတာတွေရှိပေမယ့် အခြားစစ်ကြောင်းတွေလည်း အနီးအနားမှာရှိနေသေးတာမို့ ပူးပေါင်းစုဖွဲ့တာမျိုးတွေရှိနိုင်ပါတယ်။ ငဖဲမြို့အနီးက တောရကျောင်းမှာ စုဖွဲ့ပြီးလာတာမျိုးပါ။ အဓိကတော့ အခုတိုက်ပွဲက (မန်းချောင်းဆည်နား) ကပစ ၁၄ နဲ့ ငဖဲမြို့အနီးအတွက် နယ် မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာတာကို တိုက်ခိုက်တာပါ။ စစ်ကော်မရှင်ဘက်က တိုက်ပွဲ ဖြစ်ခဲ့ တာကို စကစ အချင်းချင်း မိုးပေါ်ထောင် ပစ်ကြတာပါလို့ ငဖဲမြိုပေါ်မှာ သတင်းမှောင် ချထားတာမို့ သတင်းထုတ်ပြန်ပေးလိုက်တာပါ” ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article