24.1 C
Yangon

နွားထိုးကြီး-တောင်သာလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

မန္တလေးတိုင်း၊ နွားထိုးကြီး-တောင်သာ ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော မှန်လုံမော်တော်ယာဉ် ၂ စီးကို နွားထိုးကြီး PDF က ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ည ၁၀ နာရီတွင်မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကြောင်း နွားထိုးကြီး PDF ထံမှ သတင်းရရှိသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို ရန်ကင်းသာစည် တံတားအနီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် နွားထိုးကြီး PDF တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ည ၁၁ နာရီကျော်တွင် နွားထိုးကြီးမြို့ဘက်မှ Light Truck ကားဖြင့် သေဆုံးဒဏ်ရာရသူများကို လာရောက်ကောက်ယူသွားကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ဝင် ၁ ဦးက ပြောသည်။

‘စစ်သား ၅ ယောက် သေတာကိုတော့ အတွင်းလူကတဆင့် အတည်ပြုနိုင်ပါတယ်၊ အတည်ပြုတာ ကြာနေလို့ သတင်းထုတ်ပြန်တာ နောက်ကျတာပါ’ ဟု နွားထိုးကြီး PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓါတ်ပုံ – နွားထိုးကြီး-တောင်သာကားလမ်းတွင် ဖြတ်သန်းသွားလာသော ကားများကို နွားထိုးကြီး PDF က လုံခြုံရေးစစ်ဆေးနေစဉ် (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article