ရန်ကုန်၊ မတ် ၃၀
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယနေ့ကျင်းပပြုလုပ်သည့် CRPH ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၁၃/၂၀၂၆ တွင် အဆိုပါခန့်အပ်မှုကို အတည်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရသူ ဦးဌေးငွေက CRPH အဖွဲ့ဝင်များရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွင် ဒုတိ ယဝန်ကြီးများအဖြစ် ဦးကျော်နီနှင့် ဦးဌေးငွေတို့ နှစ်ဦးက ပူးတွဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးဌေးငွေ၏ ဒုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ CRPH ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေး ရာကော်မတီများမှ တာဝန်ရှိသူများအပြင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် ဒုတိယဝန်ကြီး ဦးဌေးငွေတို့ တက်ရောက်ခဲ့ကြသည်။




