30 C
Yangon

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးသူများကို ပြန်လွှတ်ပေးရန်နှင့် ရိုးသားပွင့်လင်းသော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ဂျပန်အစိုးရက ဆက်လက်ဖိအားပေးမည်

Must read

ရန်ကုန်၊ ဧပြီ ၄

မြန်မာစစ်တပ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင် အကြမ်းဖက် သမ္မတ ဖြစ်လာပြီးနောက် မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ဂျပန်အစိုးရအနေ ဖြင့် တိုက်တွန်းနှိုးဆော်မှုများနှင့် ဖိအားပေးမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရု ကီဟာရာ (Minoru Kihara) က ဧပြီလ ၃ ရက်နေ့ (သော ကြာနေ့) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့အရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ သဘောထားကို ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

“အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ရိုးသားပွင့်လင်းသော ဆွေးနွေးပွဲများ ကျင်းပရန် စသည့် နိုင်ငံရေးအရ တိုးတက်မှုများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်သလို၊ ပြည်သူများ၏ နေ့စဉ်ဘဝများ ကောင်းမွန်လာစေရန် ဆောင်ရွက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်”ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရု ကီဟာရာ (Minoru Kihara) ကထုတ်ဖော်ပြောဆိုသည်။

ဂျပန်နိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် အချိန်မှစတင်ကာ မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ရာထူးကိုလည်း ယနေ့ထက်တိုင် လစ်လပ်ထားရှိခြင်းဖြင့် ၎င်းတို့၏ သံတမန်ရေးရာ ကန့်ကွက်မှုကို ပြသထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ မရေရာသော နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသို့ သံအမတ်ကြီးအသစ် ပြန်လည်စေလွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကိုမူ ကီဟာရာက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

သို့သော် ဂျပန်အစိုးရအနေဖြင့် မြန်မာ့အရေးတွင် သိသာထင်ရှားသည့် နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းကာ ဆက်လက်တိုက်တွန်း ဖိအားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

@ƒCƒ“ƒ^ƒrƒ…[‚É“š‚¦‚é–ØŒ´–«Š¯–[’·Š¯‚R‚P“úŒßŒãAŽñ‘ŠŠ¯“@
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article