ရန်ကုန်၊ ဇူလိုင် ၁၉
ရွှေလယ်ကျွန်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အောက်မေ့ အလေးပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အာဇာနည် ၉ ဦးနှင့် ခေတ်အဆက်ဆက် တောင်တန်းပြည်မမှ ကြွေလွင့်ခဲ့သော အာဇာနည်များ၊ နွေဦးတော်လှန်ရေးသူရဲကောင်းများကို သတိရအောက်မေ့အလေးပြုခဲ့ကြပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။



