By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၉ ရက် ညနေပိုင်းရရှိထားတဲ့သတင်းတွေကတော့
-ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဦးစီးပြုလုပ်တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်း အနားကို လာရောက်သူ ပြည်သူ အလွန်နည်းပါးနေတဲ့အတွက် စစ်ကောင်စီတပ်က ကျောင်းကား အဝါ နဲ့ လူတွေ ခေါ်ပြီး ၊ စစ်တပ် ဝါဒဖြန့် သတင်းမီဒီယာတွေကနေ ရိုက်ကူးရေး လုပ်ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
– နေပြည်တော် လေတပ်လုံခြုံရေးဂိတ်မှာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေ နဲ့ ဒေသပျောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
– ဗိုလ်မှူးချုပ်နယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေ-ARMY (ကရင့်ပြည်သူ့တပ်မတော်)ကို ဖွဲ့စည်းတည် ထောင်ထားပြီး Venom အနေနဲ့ အဖွဲ့ဝင် စစ်ကြောင်းတစ်ခုအဖြစ် ပူးပေါင်းပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ့်သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။