ရန်ကုန်၊ ဇူလိုင် ၁၉
မလေးရှားနိုင်ငံ NLD (OC) Malaysia ရုံးတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦး တော်လှန်ရေးတွင် ကျဆုံးခဲ့သည့် သူရဲကောင်းများအား အလေးပြုခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
အခမ်းအနားကို ပြည်ပ ထောက်ပံ့တပ်စု (CSC) မှ အဖွဲ့ဝင်များ၊ မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် NLD (OC) Malaysia အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး တိုင်းပြည်အတွက် အသက်ပေးဆပ်သွားကြသော အာဇာနည်များအား ရည်စူး၍ ဆရာတော်များအား နေ့ဆွမ်းကပ်လှူခြင်းနှင့် သင်္ကန်း ကပ်လှူခြင်း များပြုလုပ်ခဲ့ပြီး ကျဆုံးသူရဲကောင်းများအတွက် အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2022/07/1-261-1024x768.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/2-145-1024x768.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/3-122-1024x576.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/4-106-1024x768.jpeg)