30 C
Yangon

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRA က NUG အစိုးရ၊ ဖက်ဒရယ်ယူနစ်အစိုးရများနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး ပူးပေါင်းလုပ်ဆောင်မည်ဟု SRA ပြောရေး ဆိုခွင့်ရှိသူ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၃

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRA က အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဖက်ဒရယ်ယူနစ်အစိုး ရများနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဟုSRA ပြောရေးဆိုခွင့် ရှိသူ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ICNCC ကြားကာလ ချင်းအမျိုးသားအတိုင် ပင်ခံကောင် စီ တည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားသို့ SRA ကိုယ်စားတက်ရောက်ပြီး မိန့်ခွန်းပြောကြားရာ တွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRA သည် မတူကွဲပြားသည့် နိုင်ငံရေးအတွေး အခေါ်များ ဖြင့် ရပ်တည်နေသော တပ်များပါဝင်သော်လည်း NUG အစိုးရ၊ ယူနစ်အစိုးရများနှင့်အတူ အလုပ်လုပ်နိုင်ရန် ရည်ရွယ်မျှော်လင့်ထားကြောင်း KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြားသည်။

“SRA မှာ မတူညီကွဲပြားတဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ ရပ်တည်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အ များကြီး ရှိပါတယ်။ ဒီတပ်ဖွဲ့တွေ အားလုံးကလည်း အင်အားဖြစ်ပါတယ်။ ကျ နော်တို့တွေမှာကွဲပြား နေတယ်။ တပ်စုဖွဲ့မှုတွေမှာ မတူတဲ့ ဟာတွေရှိတယ်။ ဒါပေမယ့် တော်လှန်ရေး အတွက်အားဖြစ်တဲ့ အတွက် ဒီစုဖွဲ့မှုတွေကို ကျနော်တို့က အခုလိုတွေ့ဆုံကြပြီး စုစည်းပြီးမှ တော်လှန်ရေးကို အားဖြစ် နိုင်ဖို့ဖြစ်ပါတယ်။ SRA သည် ယူနစ်အစိုးရ တွေနဲ့အတူတူအလုပ်လုပ်နိုင်ဖို့အတွက် ၊ NUG တို့နဲ့အတူ တူ အလုပ်လုပ်နိုင်ဖို့အတွက်ကို ကျနော်တို့ မျှော်လင့်ထားတဲ့ဟာဖြစ်ပါတယ်။” ဟု KNDF ဥက္ကဌ ခွန်း ဘီထူးက ပြောကြားသည်။

NUG ဦးဆောင်သည့် တနိုင်ငံလုံး ဖြန့်ကျက်နိုင်သောတပ်၊ ပြည်နယ်နှင့် တိုင်းဖက်ဒရယ်ယူနစ်တပ် နှင့် SRA ကဲ့သို့သို့ တပ်ပေါင်းစု ၃ မျိုးကို မြင်တွေ့လိုပြီး ထိုသို့ တည်ဆောက်နိုင်ပါက စစ်ရေး၊ နိုင်ငံ ရေးဖိအားပေါင်းစပ်ကာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည် ဆောက်နိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“နွေဦးတော်လှန်ရေးတပ်မှာ မြင်လိုတဲ့တပ်က ၃ မျိုး ဖြစ်ပါတယ်။ ဒါက NUG ဦးဆောင်တဲ့ ပြည် ထောင်စုတပ်လို့ခေါ်မလား၊ တစ်နိုင်ငံလုံး ဖြန့်ကျက် ထားတဲ့ တပ်အနေနဲ့ အင်နဲ့အားနဲ့ စည်းနဲ့ကမ်းနဲ့ နောက်ပြီးရင်တော့ အောင်မြင်မှုရတဲ့ တပ်အနေနဲ့ ဆက်သွားဖို့ မျှော်လင့်သလို ယူနစ်အသီးသီးမှာ လည်း ယူနစ်အစိုးရတွေက ယူနစ်တပ်တွေ ဆက်ပြီး တော့ရှိနေဖို့တယ်။ အခုဆိုရင် CB တပ်တို့ ဆက် ပြီး မှ ရပ်တည်နေတယ်၊ ဆက်ပြီးမှ ရှိနေတယ်၊ ပြီးရင်တော့ CNF နဲ့လည်း ပိုပြီးမှ ညီညွတ်ပြီးတော့ တပ် တစ်ခုတည်း ပြန်ဖြစ်ရေး၊ ပြည်နယ်ယူနစ်အစိုးရ တစ်ခုတည်းဖြစ်ရေး ဆက်သွားနေကြတဲ့ အပေါ် မှာ အားပေးတယ်၊ ရှိသင့်တယ်။ ဒီလိုပဲ ပြည်နယ် ယူနစ်အသီးသီးကလည်း ဒီလိုတပ်တွေ တည်ဆောက်နိုင်တယ်ဆိုရင်တော့ ကျနော်တို့လိုချင်တဲ့ ဖက်ရယ်တပ်တွေက ရောက်သွားပြီးပဲ၊ စစ်အာဏာရှင်က ဘယ်လောက်ပဲ ရက်စက် ယုတ်မာနေပါစေ ကျနော်တို့ဘက်က ကြံ့ကြံခံရင်းနဲ့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး စီမံချက်ကို သွားနိုင်မှာဖြစ်တယ်။” ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ရှင်းပြသည်။

ယနေ့တော်လှန်ရေးသည် ယူနစ်အသီးသီးတည်ဆောက်ကာ ပြည်သူလူထုကို တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာတည်ဆောက်ရမည်ဖြစ် ကြောင်း၊ ထို့သို့ တည်ဆောက်ရာတွင် လူထု အသံ၊ လူထုလိုအပ်ချက်များကိုကို ဖြည့်ဆည်းကာ လူထုနှင့်အတူတူချီ တက်သွားရမည်ဖြစ်ကြောင်း အသိပေးထားသည်။

“SRA အနေနဲ့က ဒီရည်မှန်းချက်၊ ဒီပန်းတိုင်အတိုင်းကိုပဲ ဆက်ပြီးတော့ ချီတက်သွားမှာဖြစ်သလို ကျနော်တို့အားပေးတဲ့ အင်စတီကျူးရှင်းတွေ၊ ဗျူဟာတွေ ဒီထက်ပိုကောင်းအောင် ပိုပြီးတော့ ပြောင် မြောက်ဖို့အတွက်၊ ပြီးရေင်တော့ မူတွေပေါ်နော်။ ဒီထက်ပိုပြီးတော့ ခိုင်ခိုင်မာမာရပ်တည် နိုင်ဖို့အ တွက် အာဏာရှင် ပြုတ်ကျရေးကို ဆက်ပြီးတော့ သွားနိုင်ဖို့အတွက် အားပေးတယ်။ ရပ်တည် ပေး တယ်ဆိုတာ ပြောလိုပါတယ်။” KNDF ဥက္ကဌခွန်းဘီထူးက ပြောဆိုသည်။

ယနေ့တော်လှန်ရေးကာလသည် အခက်အခဲဆုံးကာလဖြစ်ကြောင်း၊ အလှည့်အပြောင်း အမြဲတမ်းရှိပြီး နိုင်ငံတကာအခြေအနေ၊ အိမ် နီးချင်းနိုင်ငံများ၏ အခြေအနေနှင့် ပြည်သူထု၏ အခြေအနေပေါ်မူတည်ကာ ဗျူဟာများကို ပြောင်း လဲ၍ တော်လှန်ရေးကို ဆက် လက်ချီတက်သွားရမည်ဖြစ်ကြောင်း သူက တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို ၂၀၂၅ ဒီဇင်ဘာ ၁၅ တွင် အဖွဲ့ဝင်တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါတပ်ပေါင်းစုတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF)​၊ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ယောတပ်တော်(YA) ၊ယောကာကွယ်ရေးတပ်(YDF)၊96 Soldiers PDF၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)အပါအဝင် တော်လှန် ရေးတပ်ဖွဲ့ ၁၉ဖွဲ့ ပါဝင်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article