30 C
Yangon

ငဖဲမြို့နယ်တွင် အရှို-ချင်းကာကွယ်ရေးတပ်က “စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ” စာသားများ လိုက်ကပ်၍ စစ်အာဏာရှင်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု အသိပေး

Must read

ရန်ကုန်၊ ဧပြီ ၁၄

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အရှို-ချင်းကာကွယ်ရေးတပ်က “စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ” စာသားများ လိုက်ကပ်၍ စစ်အာဏာရှင်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြည်သူများကို အသိပေးသည့် အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုလှုပ်ရှားမှုကို ဧပြီလ ၁၂ ရက်နေ့တွင် Chin Defence Force – Asho တပ်ဖွဲ့က ငဖဲမြို့နယ်၊ မြစ်ဖျားကျေးရွာအုပ်စု အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း စာသားများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဓာတ်တိုင်များတွင် လိုက်ကပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် Chin Defence Force – Asho တပ်ဖွဲ့က “စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ” စာသား အပါအဝင် “မတရားဖမ်းဆီးခံရသူများ မလွတ်မြောက်သေးဘူး” ၊ “ကိုယ့်အသိုက်ပြိုမှ ဝမ်းနည်းရမှာမဟုတ်ဘူး တစ်နိုင်ငံလုံးက ငှက် အသိုက်တွေ ပြိုနေတာကိုလည်း စာနာပေးပါ” ၊ “စစ်တပ်က အာဏာ သိမ်းထားတုန်းပဲ” ၊ “စစ်အစိုးရရဲ့ စနစ်နဲ့ အုပ်ချုပ်ခံနေရတာ အဆင်ပြေလို့လား” နှင့် “ပေါ်တာဆွဲတာကို ( ငွေ ၃၀၀၀၀ ) ပေးပြီး ရှောင်​နေရတဲ့ ခေတ်ကို မမေ့သွားကြေး” ဆိုသော စာသားများလည်း ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article