27 C
Yangon

မင်းလှတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ကို PDF များက ပြည်သူကို မဖိနှိပ်ရန် သွားရောက် သတိပေးစဉ် ဓားဖြင့် တိုက်ခိုက်သော ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၅

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အုပ်ချုပ်ရေမှူး ဝင်းဗိုလ်ကို PDF တပ်များက ရုံးထဲအထိ ဝင်ရောက် သတိပေးပြောဆိုစဉ် ဓားဖြင့် တိုက်ခိုက်သောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဝင်းဗိုလ် သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မင်းလှမြို့နယ်၊ လှည်းပြင်တင်ရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ကို အုပ်ချုပ်ရေးရုံး၌ ၄င်းရှိနေစဥ် သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ ရဲဘော်များက ထောက်ခံစာလုပ်ပေးရန်ဆိုကာ အရပ်ဝတ်ဖြင့် အသွင်ယူသွားရောက်ပြီး ပြည်သူများကို ဖိနှိပ်မှုများ မပြုလုပ်ရန် သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ သတိပေးပြောဆိုနေစဥ် အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်က PDF များ ရောက်ရှိနေသည်ဟု ၎င်း၏ တပည့်များကို အော်ခေါ်ပြီး PDF ရဲဘော်များကို ဓားဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဝင်းဗိုလ်ထံမှ ​ဓားမြောင် ၁ လက်၊ မိုလ်ဘိုင်းဖုန်း ၃ လုံး၊ မှတ်ပုံတင်ကတ် ၁ ခု၊ ထောက် ခံစာ ၁ ရွက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် သည် စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကျပ် ကောက်ခံပြီး ကိုယ်ကျိူးအတွက်အသုံးပြုခြင်း၊ စစ်မှု ထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်​ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်တပ်နှင့်အတူ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား ၎င်း၏တပည့် ဖြစ်သူများကို စုံစမ်းခိုင်းကာ စစ်တပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူခဲ့ရခြင်းကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“ဝင်းဗိုလ်က စစ်မှုထမ်းကြေးတွေကောက်ပြီးတော့ စခတွေကိုတစ်ဝက်ပဲပေးတယ်။ ကျန်တာသူ့ကိုယ်ကျိုးအတွက်သုံးတယ်။ စစ်ခွေးတွေပေါ်တာဆွဲလာရင်သူကအတူလိုက်ဖမ်းပါတယ်။ ပြည်သူတွေမှာ စစ်မှုထမ်းကြေးပေးထားတာတောင် အဖမ်းခံရမှာကြောက်ပြီးထွက်ပြေးနေရတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းကိုလည်း သူ့တပည့်တွေမွေးပြီးစုံစမ်းခိုင်းတဲ့အပြင် စခတွေကိုတိုက်ခိုက်ဖို့ PDFအဖွဲ့တွေ ထွက်လာရင် သူကစခတွေကိုသတင်းကြိုပေးထားတာမျိုးတွေလုပ်တယ်။ ပြည်သူကိုဒုက္ခမပေးဖို့သတိပေးတာကို သူကPDFတွေရောက်နေတယ်အော်ခေါ်ပြီး ဓားနဲ့ပြန်တိုက်ခိုက်လို့ရှင်းလိုက်ရတာ သူ့တပည့်တွေက သူအော်ခေါ်ပေမယ့်ဘယ်သူမှထွက်မလာရဲဘူး” ဟု Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအပြင် ယင်းတို့​၏ ထောက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article