29 C
Yangon

ကနီမြို့ပေါ် ရပ်ကွက်ရှိ နေအိမ် ၁၇ လုံးကို စစ်တပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ဖျက်ဆီး၊ မြင်းမူရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရှိ နေအိမ် ၁၇ လုံးကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ ညနေပိုင်းတွင် ကနီမြို့ပေါ် အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်ရှိ အမှိုက်များနှင့် ခြုံနွယ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ရှင်းလင်းစဉ် ရပ်ကွက်အတွင်းရှိ နေအိမ် ၁၇ လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကနီမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူပိုင်နေအိမ်များကိုလည်း ရိုက်နှက်ဖွင့်ဝင်ပြီး ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အမှိုက်နဲ့ ခြုံနွယ်တွေကို မီးရှို့ရှင်းလင်းတဲ့ ပုံစံမျိုးလုပ်ပြီး နေအိမ် ၁၇ လုံးကို မီးရှို့ခဲ့တာပါ။ ကနီမြို့ပေါ် အမှတ် ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်ကနေအိမ်တွေကို ရှို့သွားတာ ယခင်မြို့သိမ်းတိုက်ပွဲဖြစ်ပြီးတည်းက လူမနေဘူး။ အဲစစ်ခွေးတွေက ကနီမြို့ပေါ်မှာရှိတဲ့ ထွေ/အုပ်ရုံး နဲ့ ရွှေစည်းခုံတောင်ပေါ်မှာ တပ်စွဲထားတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် မြင်းမူမြို့နယ်ရှိ ကျေးရွာများကို ၃ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

” စစ်ခွေးတွေက ၃ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ နေအိမ် ပျက်စီးတာမျိုးရှိ၊မရှိကတော့ ဆက်လက်စုံစမ်းဆဲပါ။ ပြည်သူများအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တွေကို သတိပြုနေနိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article