ရန်ကုန်၊ ဧပြီ ၁၈
တော်လှန်ရေးအင်အားစုများအတွက် နည်းပညာ၊ ငွေကြေးနှင့် ထောက်ခံအားပေးမှု အကူအညီများ ရရှိရေး နိုင်ငံတကာ ပါလီမန်တွင် တိုက်တွန်းသွားမည်ဖြစ်ကြောင်း CRPH က ထုတ်ပြန်ထားသည်။
ဧပြီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပလျက်ရှိသည့် ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ရောက်လျက်ရှိကြောင်း သိရသည်။
ယင်းညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံရေး အခြေအနေများ၊ အရပ်သားပုံစံပြောင်းလဲထားသည့် အာဏာသိမ်းစစ်တပ်က ဆက်လက် ကျူး လွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ၊ အာဏာသိမ်းစစ်တပ်နှင့် မဟာ မိတ်များက အကာအကွယ်ပေးထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ရွှေ့ပြောင်းဆက်လက် လည် ပတ်နေမှုများ၊ တော်လှန်ရေးအင်အားစုများကဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင် စီဖွဲ့စည်းထားရှိမှုနှင့် နိုင်ငံရေးရည်မှန်းချက်များ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အာ ဏာသိမ်းစစ်တပ်၏ ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင် ငံတကာလွှတ်တော်အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း အသိပေးထားသည်။
ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့်ရရှိရေး၊ တော်လှန်ရေးအင်အားစုများအတွက် နည်းပညာ၊ ငွေ ကြေးနှင့် ထောက်ခံအားပေးမှုကဲ့သို့ နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီများ တိုးမြှင့်ရရှိရေးနှင့် အရပ်သားဝတ်စုံပြောင်းလဲထားသည့် အာဏာသိမ်းစစ်အာဏာရှင်များ၏ အတုအယောင် လွှတ် တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ကမ္ဘာတစ်ဝှမ်းက အသိအမှတ်မပြုရေးတို့ကို ထည့်သွင်း တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။
ဧပြီလ ၁၅ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) အစည်းအဝေးနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကို တက်ရောက်ခဲ့ကြပြီး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တွင် မြန်မာအမျိုးသမီးများအရေးနှင့်စပ်လျဉ်း၍ ဒေါ်ဇင်မာ အောင်က မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ထို့ပြင် ပိုလန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စား လှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ၂၁၇ ကြိမ်မြောက် အမှု ဆောင်ကောင်စီ အစည်းအဝေးနှင့် ညီလာခံ၏ General Debate အစီအစဉ်တို့သို့ ပါဝင်တက်ရောက် ခဲ့ပြီး နှစ်နိုင်ငံသီးခြားတွေ့ဆုံမှုများအဖြစ် အင်ဒိုနီးရှားနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ လွှတ်တော်ကိုယ် စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ညီလာခံတတိယနေ့တွင် ညီလာခံ၏ General Debate အစီ အစဉ်ကို တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံသီးခြားတွေ့ဆုံမှုများအဖြစ် ဩစတြေးလျနိုင်ငံနှင့် ကနေဒါနိုင်ငံ တို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ညီလာခံ အ စည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်လျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH က ထုတ်ပြန်ထားသည်။






