34 C
Yangon

စစ်တပ်ထံသို့ ပူးပေါင်းသွားသူများမှာ ပလဖ တပ်ဖွဲ့ဝင်များမဟုတ်ဘဲ စည်းကမ်းမလိုက်နာ၍ ထုတ် ပယ်ခံထားရသူများဖြစ်ပြီး စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဟု ပလဖ ဗဟိုက ရှင်းလင်းချက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကောင်စီထံသို့ လက်နက်ချ ပူးပေါင်းသွားသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ စည်းကမ်းမလိုက်နာ၍ ထုတ်ပယ်ခံထားရသူများသာ ဖြစ်ကြောင်း ပလဖ ဗဟို ပြောရေးဆိုခွင့်ရှိသူက NUG ၏ ပြန်ကြားရေး PVTV မှတစ်ဆင့် အသိပေးချက်ထုတ်ပြန်သည်။

ဧပြီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီထံ လက်နက်ချ ပူးပေါင်းသွားသည့် “ကျောက်ကြီး” ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးသည် စစ်ကိုင်းမြို့နယ် ပလဖ အဖွဲ့ဝင်များ မဟုတ်သကဲ့သို့ ၎င်းတို့ ယူဆောင်သွားသည့် လက်နက်များသည်လည်း မြို့နယ် ပလဖ က တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်းများ မဟုတ်ကြောင်း သိရသည်။

ရဲဘော်ကျောက်ကြီးကို မင်းကွန်းတိုက်နယ် တာဝန်ခံက တိုက်နယ် ဒု-တာဝန်ခံနှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခဲ့ဖူးသော်လည်း ၎င်းသည် မြို့နယ် ပလဖ က ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း မရှိဘဲ စင်ပြိုင်လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စည်းကမ်းဖောက်ဖျက်မှုများကြောင့် မြို့နယ် ပလဖ က တိုက်နယ်တာဝန်ခံအား ခေါ်ယူသတိပေးခဲ့သော်လည်း ရဲဘော်ကျောက်ကြီးက ဆက်လက် ဖောက်ဖျက်နေခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တိုက်နယ်တပ်ဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။

စစ်တပ်က ၎င်းတို့ထံ ပူးပေါင်းလာသူများကို ပလဖ အဖွဲ့ဝင်များဖြစ်သည်ဟု မဟုတ်မမှန် ဝါဒဖြန့်ချိနေခြင်းသာ ဖြစ်ကြောင်းနှင့် အဆိုပါ ပူးပေါင်းသွားသူများသည် အဖွဲ့အစည်းမှ အရေးယူ ခံထားရသူများသာ ဖြစ်ကြောင်း ပလဖ ဗဟိုက အတည်ပြု ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article