34 C
Yangon

မိုးညှင်းအခြေစိုက် ဒတရ (၆၀၃) တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး မြင်းခြံရှိ Onemore စစ်ကြောင်းထံသို့ အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ဒုံးတပ်ဖွဲ့ (ဒတရ) ၆၀၃ တပ်ရင်းမှ တပ်သား ၃ ဦးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ Onemore ပြည်သူ့ ကာကွယ်ရေးစစ်ကြောင်းထံသို့ လက်နက်မဲ့ အလင်း ဝင်ရောက်ခိုလှုံလာကြောင်း Onemore ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦ၏ ပြောဆိုချက်အရ သိရှိရသည်။

အလင်းဝင်လာသူများအနက် တပ်သက် ၆ နှစ်နီးပါးရှိပြီဖြစ်သည့် တပ်သားတစ်ဦးက “တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်း ဖိနှိပ်မှုတွေ အရမ်းကြီးစိုးလာတဲ့အတွက် ပြည်သူ့ဘက်ကို ကူးပြောင်းခိုလှုံရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

အလင်းဝင်လာသော ကျန်တပ်သား ၂ ဦးမှာမူ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေစဉ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ လိမ်လည်ခေါ်ဆောင်ပြီး ပေါ်တာဆွဲခံခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့ကို လူမနေသည့် အိမ်ပျက်တစ်ခုတွင် ဖမ်းဆီးထားပြီးနောက် ငွေကျပ် သိန်း ၇၀ ဖြင့် ရောင်းချခံရကာ စစ်ထဲသို့ အတင်းအဓမ္မ ဆွဲသွင်း၊ ထည့်သွင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ပေါ်တာဆွဲခံရပြီးနောက် စစ်သားဖြစ်လာသူ ၂ ဦးမှာ စစ်သင်တန်းပို့ဆောင်စဉ်အတွင်း Onemore စစ်ကြောင်းမှ တာဝန်ခံနှင့် ချိတ်ဆက်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီက ပြည်သူများကို ပေါ်တာဆွဲပြီး ငွေဖြင့်ပြန်လည်ရောင်းချနေခြင်းမှာ “လူကုန်ကူးမှု” သာဖြစ်ကြောင်းနှင့် မိမိတို့၏ ပြည်သူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်ခံပြင်းရကြောင်း အဆိုပါတပ်သားများက ဆိုသည်။

အလင်းဝင်လာသည့် တပ်သားများက မိမိတို့သည် မူလက ပြည်သူများသာဖြစ်ပြီး ယခုအခါ ဆုံးရှုံးသွားသည့် ပြည်သူ့အခွင့်အရေးများကို ပြန်လည်တိုက်ယူ သွားမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article