ရန်ကုန်၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မိုင်းရှာပြီး ဆက်ကြေးကောက်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့နယ် မုံရွေးတိုးဂိတ်မှ Light truck ကား ၁ စီးဖြင့် အင်အား ၂၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်သားများသည် မိုင်းရှာပြီး ဆက်ကြေးကောက်ရန် ထွတ်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုသည် ၂၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ၁ ဦးနှင့် ရဲ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲ ဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မုံရွာ-ချောင်းဦး လမ်းပိုင်းဘက်ကို မိုင်းရှာပြီး ဆက်ကြေးဖို့ ထွက်လာတဲ့ စစ်ခွေးတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ပျူစောထီး ၁ ကောင်နဲ့ ရဲ ၂ ကောင်သေဆုံးတယ်” ဟု BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်-တပ်ရင်း 7 မှဦးဆောင်ပြီး BRAVE HEART ARMY-BHA၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Special Force 11. SF11(pdf) ၊ Anyar Defense Force.(အညာကာကွယ်ရေးအင်အားစု)နှင့် Monywa Dynamite.STF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။





