28 C
Yangon

ဖားကန့်တွင် စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး ကျည်ထိမှန်၊ ဖားကန့်-နန့်ယား-ကားမိုင်း လမ်းပိုင်းကိုလည်း အသုံးမပြုရန် KIA အသိပေး

Must read

ရန်ကုန်၊ ဧပြီ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးတောင်းရမ်းနေသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာအနီးတွင် ပြည်သူများထံမှ ဆက်ကြေးကောက်ပြီး အနုကြမ်းစီးနေသော အကြမ်းဖက် စစ်သားများကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သော စစ်သားများကို ယနေ့ ညနေ ၅ နာရီထိ အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် သယ်ထုတ်နေကြောင်း၊ ထို့ပြင် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ပြန်လည် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်း အောင်ရာရွာနားမှာ ပြည်သူတွေဆီက ဆက်ကြေးတောင်း အနုကြမ်းစီးနေ့တဲ့ အဖွဲ့ကို KIA ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၅ ကောင်လောက် သေတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်းရှိတယ်။ ဒဏ်ရာ ရတဲ့ အကြမ်းဖက် စစ်ခွေးတွေကို ညနေ ၅ နာရီထိုးခါနီးအထိ သယ်ထုတ်နေကြတုန်းပဲ။ တိုက်ခိုက်ခံရပြီး မကြာခင် စစ်ခွေးတွေက ရမ်းပစ်လို့ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဖားကန့်ဒေသအတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ရေးလှုပ်ရှားနေမှုများကြောင့် ဖားကန့်-နန့်ယား-ကားမိုင်း လမ်းပိုင်းကြီးကို ဧပြီလ ၂၂ ရက် နေ့မှ စတင်ပြီး အများပြည်သူခရီးသွားလာခြင်း၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းကို ရက်အကန့် အသတ်မရှိ (ယာယီ) ပိတ်ပင်လိုက်ကြောင်း KIA အမှတ် ၆ တပ်ရင်းက ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့သို့ စစ်ကူပေးရန် လာရောက်သည့် စစ်တပ် လက်အောက်ခံ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်၊ လီဆူပြည်သူ့စစ်နှင့် ဝါရာဇွပ် ပြည်သူ့စစ်များ ပါဝင်သည့် စစ်ကြောင်းကို KIA ပူးပေါင်းတပ်က ဖားကန့် -ကာမိုင်း လမ်းမပေါ် မှော်စီဇာကျေးရွာနှင့် နမ့်မဖျစ်ကျေးရွာ အကြား၌ လက်နက်ကြီး၊ လက်နက်ငယ် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပြည်သူ့စစ် ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article