30.9 C
Yangon

ပေါက်မြို့နယ်၊ ကပစ ၂၄ အတွင်းသို့ ရှော့တိုက်ဒုံး၊ ရော့ကတ်များဖြင့် တိုက်ခိုက်မှု စက်ရုံအဆောက် အအုံအတွင်း မီးလောင်ပေါက်ကွဲဖြစ်

Must read

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ကပစ ၂၄ အတွင်းသို့ ရှော့တိုက်ဒုံး၊ လက်လုပ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံအဆောက်အအုံများ ထိမှန်၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း MGY – 30 Special Operations Unit – 3 (မကွေးတိုင်း ပကဖ) ၏ တိုက် ခိုက်ရေး စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၀ ရက်နေ့က ပေါက်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ကပစ – ၂၄ ကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုံး ၊ လက်လုပ် ရော့ကတ် စုစုပေါင်း ၁၈ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ကပစ – ၂၄ ၏ အဓိက စက်ရုံ အဆောက်အဦများကို ထိမှန်ပေါက်ကွဲခဲ့ပြီး စက်ရုံ မီးလောင် ကာ ထပ်ဆင့်ပေါက်ကွဲမှုများရှိခဲ့ကြောင်း၊ စက်ရုံမီးလောင်ပျက်စီးမှုကိုလည်း NASA ၏ Fire Map တွင် တရားဝင်ဖော်ပြထားကြောင်း သိရသည်။

“အားလုံး စုစုပေါင်း ၁၈ လုံးပါ။ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုဘယ်လောက်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး ပေါက်ကွဲမှု အကြီးစားဖြစ်တယ်ဆိုတာကတော့ NASA ရဲ့ Fire Map ကနေ သိရတာ ပါ ။ မိဘ ပြည်သူတွေအနေနဲ့ အားမလျှော့စိတ်မပျက်ကြဖို့က အဓိကပါပဲ။ ကျနော်တို့ ပကဖ အနေနဲ့ လည်း အရင်ကထက်ပိုပြီး တော်လှန်ရေးအလုပ်တွေပိုလုပ်သွားမယ် တချို့လုပ်မှားကိုင်မှားလေးတွေ ရှိခဲ့ရင်လည်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ တော်လှန်ရေးမှာ တော်လှန်ပြည်သူတွေက အဓိက ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဦးထိပ်ပန်ဆင်ထားပါတယ်” ဟု MGY – 30 Special Operations Unit – 3 (မကွေးတိုင်း ပကဖ) ၏ တိုက် ခိုက်ရေး စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို MGY – 30 Special Operations Unit – 3 (မကွေးတိုင်း ပကဖ) ၏ တိုက် ခိုက်ရေး စစ်ကြောင်း နှင့် တောင်ညိုနဂါးတပ်ဖွဲ့ (LPDF) စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ကပစ – ၂၄ အနီးဝန်းကျင်ရှိ ရပ်ရွာများအား မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်သည့်အပြင် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်လည်း တပြိုင်တည်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကပစ ၂၄ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ရမ်းကား တိုက်ခိုက်မှုများအား မြေပြင် သတိ၊ ဝေဟင် သတိပြု၍ ဂရုစိုက်နေထိုင်ကြပါရန် မေတ္တာ ရပ်ခံထားသည်။

ကပစ – ၂၄ သည် အကြမ်းဖက် စစ်တပ်၏ လက်နက်ကုန်ကြမ်းများအတွက် သံသတ္တုများ၊ အလူမီနီ ယံ များ အရည်ကြိုပေးနေသည့် အဓိက ထောက်တိုင် တစ်ခု ဖြစ်သည့်အပြင် မကွေးတိုင်း၊ ထီးလင်း မြို့ နယ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တို့အတွက် ယာယီ စစ်ဗျူဟာ အခြေချထားသည့် နေရာ တစ်ခုလည်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ကပစ – ၂၄ အတွင်းသို့ စစ်သား အင်အား အများ အပြား ဖြည့်တင်း၍ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်၊ ကျောက်ထုမြို့ဘက်သို့ စစ်ကြောင်းများ ထိုးနိုင်ရန် ပြင်ဆင်နေသည့် အဓိက စခန်း စက်ရုံ တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့လည်း 122 MM MLRS များ၊ ၁၂၀ မမ ဟောင် ဝှစ်ဇာများ ၊ ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည့် စစ်တပ်စခန်း တစ် ခုလည်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- PDF တပ်များက ရှော့တိုက်ဒုံးဖြင့် စစ်ရေးပစ်မှတ်များကို ပစ်ခတ်ရန် လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article