32 C
Yangon

မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ ခွင့်ပြုမည်မဟုတ်ဘဲ တရုတ်အကျိုးစီးပွားကာကွယ်မည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ကတိပြု

Must read

ရန်ကုန်၊ ဧပြီ ၂၆

မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ ခွင့်ပြုမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ တရုတ်အကျိုးစီးပွားများကို ကာကွယ်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ကတိပြုပြောဆိုလိုက်သည်။

ယမန်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်နေပြည်တော်တွင် တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ကတိပြုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား အနာဆိုးဖြစ်နေသည့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကိုလည်း အမြစ်ပြတ်သည်အထိ ဆက်လက်နှိမ်နင်းသွားမည်ဟု ဆိုသည်။

ယင်းအပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ် (GDI, GSI, GCI နှင့် Global Governance Initiative) တို့ကို ထောက်ခံကာ တက်ကြွစွာ အားပေးသွားမည်ဖြစ်ကြောင်း ၊ “One China Policy” မှ လုံးဝသွေဖယ်သွားမည် မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေးနှင့် ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီထောက်ပံ့ပေးနေသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် “ခိုင်မာစွာ ထောက်ခံအားပေးချက် ၃ ရပ်” ရှိကြောင်း ၊ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ထောက်ခံခြင်း၊ နိုင်ငံတော်အချုပ်အခြာအဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ခြင်းအား ထောက်ခံခြင်းနှင့် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှုများကို ထောက်ခံခြင်းတို့ ဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article