21 C
Yangon

သံတောင်တွင် NUG အစိုးရ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်ထားသော ကျောင်းများတွင် သင်ထောက်ကူများ ပစ္စည်းများ လိုအပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် NUG အစိုးရ ပညာရေး ဝန်ကြီးဌာန ညွှန်ကြားမှုဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် စာရေးကိရိယာ၊ စာအုပ်စာတမ်းများနှင့် အသုံးဆောင် ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သင်ကြားရေး ဆောင်ရွက်နေသော CDM ဆရာ၊ ဆရာမ များထံမှ သိရသည်။

သံတောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာတွင် KG တန်းမှ စ၍ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၄၀၀ ခန့်ရှိပြီး NUG အစိုးရ ပညာရေး ဝန်ကြီးဌာန ညွှန်ကြားမှုများဖြင့် CDM ဆရာ၊ ဆရာမများက ဦးဆောင်ကာ စာသင်ကျောင်းများ ဖွင့်လှစ်ထားပြီး ပညာသင်ကြားနေခြင်းဖြစ် ကြောင်း သိရသည်

” စာအုပ်စာတမ်း၊ စာရေး ကိရိယာနဲ့ အဆောက်အဦး ဆောက်လုပ်ဖို့ ရွက်ဖျဥ်တဲ ပေ ၂၀ ပတ်လည် မိုးကာတွေ လိုအပ်နေတယ်။ သံတောင်မြောက်ပိုင်း (အထူး ဒေသ) နယ​်မြေ အတွင်းမှာရှိတဲ့ ရွာ ၈ ရွာမှာ NUG ပညာရေး ဝန်ကြီးဌာန ညွှန်ကြားမှုနဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၈ ကျောင်းရှိတယ်။ KG တန်းကနေ တက္ကသိုလ် ဝင်တန်းထိ ပညာသင်ကြားနေတဲ့ ​ကျောင်းသား ၄၀၀ လောက်ရှိတယ်။ ပညာ သင်ကြား ပေးနေတာကတော့ CDM ဆရာ၊ ဆရာမတွေပါပဲ” CDM ကျောင်းဆရာ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article