29.8 C
Yangon

ပိန်းဇလုပ်မြို့ ၊ ခလရ ၂၆၄ တပ်ရင်းအနီး ရွာမရွာတွင် တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဂိတ်ကို မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ မေ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ ခလရ ၂၆၄ တပ်ရင်းအနီးရှိ ရွာမကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း Spring Warriors Column အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ပထမအကြိမ် တိုက်ခိုက်မှုအဖြစ် ဧပြီလ ၂၇ ရက်နေ့ ညပိုင်းတွင် ပိန်းဇလုပ် ခမရ ၂၆၄ အနီး ရွာမကျေးတွင် စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူများထံမှ နိုင်ထက်စီးနင်း အခကြေးငွေကောက်ခံလျှက်ရှိသော စစ်သားများကို ‎SPRING WARRIORS COLUMN မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်သား အားလုံး ထွက်ပြေးသွား၍ ဂိတ်ကို မီးရှို့ရှင်း လင်းခဲ့ကြောင်း သိရှိရသည်။

“ပိန်းဇလုပ် ခမရ ၂၆၄ အနီး ရွာမမှာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး ပြည်သူတွေဆီနေ နိုင်ထက်စီးနင်း အခ ကြေး ငွေကောက်ခံနေတာ။ အဲဒီမှာ စစ်ခွေး အင်အားက ၂၀ ဝန်းကျင်လောက်ရှိတယ်။ ဧပြီ ၂၇ ရက်နေ့ ည ကျွန် တော်တို့ ဝင်စီးတော့ စစ်ကောင်စီ တပ်က ကောင်တွေက အကုန်ထွက်ပြေး ကုန်ကြတာပါ”ဟု Spring Warriors Column အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုအဖြစ် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ထိုစစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်က ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ တပ်ကြပ်ကြီး အပါအဝင် ကျန်ရှိသော စစ်သားအားလုံး ဂိတ်ကို စွန့်ခွာ၍ ထွက်ပြေးသွားကြောင်း သိရသည်။

လတ်တလော စစ်တပ်က ညောင်လေးပင်မြို့နယ်အတွင်းတွင် စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးမှုများရှိနေပြီး စစ်ရေး အခြေအနေ တင်းမာနေကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article