ရန်ကုန်၊ မေ ၁
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင်ထားသည်ဟုဆိုသော်လည်း သက်ရှိထင်ရှားနေဆဲဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများကို စစ်တပ်က မပြနိုင်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံ အမှတ် ၅၄ သို့ ရောက်ရှိလာခြင်းမရှိသကဲ့သို့ နေပြည်တော်ရှိ နှင်းဆီခြံသို့လည်း ရောက်ရှိလာခြင်းမရှိကြောင်း၊ ထို့ကြောင့် စစ်တပ်က နေရာပြောင်းရွှေ့ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အ ကြမ်း ဖက်စစ်အုပ်စုဘက်က ဓာတ် ပုံ တစ်ပုံ ထုတ်ပြလာတယ်၊ အဲဒီဓာတ်ပုံက ဘယ်အချိန် ဘယ်ကာလက ရိုက်ထားမှန်းတဲ့ မသိတဲ့ ဓာတ်ပုံဖြစ်တယ်၊။ အဲဒီအတွက်ကြောင့်မို့လို့ လက်ရှိ အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ဟာ သက်ရှိ ထင် ရှားရှိနေသေးတယ်ဆိုတဲ့ဟာကို ခိုင်လုံတဲ့ သက်သေတစ်ခုအနေနဲ့ ပြ နိုင်တဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ပဲ ကျနော်တို့ ပြောကြားလိုတယ်။ ဒါတွေဟာ ဘာမှ ရေရာသေချာတဲ့ အခြေ အနေမဟုတ်ဘူးဆိုတာကိုတော့ အရင် ဆုံးပြောချင်ပါတယ်။ ” ဟု NUG ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် အ ကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ် ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ် မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ကြေညာရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထုတ်ပြန်ခဲ့သော်လည်း ယင်းဓာတ်ပုံမှာ ယခုပုံလား၊ မည်သည့်အချိန် တွင် ရိုက်ထားသော ဓာတ်ပုံဖြစ်သည်ကို ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် ယင်းဓာတ်ပုံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ သေးသည်ဟု ပြသနိုင်သော ခိုင်လုံသည့် သက်သေအထောက်အထားမဟုတ်ကြောင်း ပြည်သူလူထု က ကြား ဝေဖန်မှုမြင့်တက်ရှိကာ ခိုင်လုံသော သက် သေထုတ်ပြန်ပေးရန် တောင်းဆိုမှုမြင့်တက် လျက်ရှိသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းမှာ နိုင်ငံတကာ၏ တောင်းဆိုမှုကြောင့်ဖြစ်ပြီး ဆက်လက်တောင်းဆိုပေးကြရန်နှင့် သံတမန်ရေးအရ အသိအမှတ် ပြုချင်းမျိုး မလုပ်မိစေရန် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၊ ဒုတိယ ဥက္ကဌ ဦးဘိုဘိုဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အခုလို နေအိမ်အကျယ်ချုပ်ပြောင်းလဲလိုက်တာက နိုင်ငံတကာရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲလာမှုပါ။ နိုင်ငံတကာအနေနဲ့ ဆက်လက်တောင်းဆိုပေးဖို့ လိုပါတယ်။ သံတမန်ရေး Engage လုပ်တာကောင်းပါတယ်။ အသိအမှတ်အပြုမှုတော့ မလုပ်စေချင် ပါဘူး။ ဆုပေးဒဏ်ပေးစနစ်ကို နိုင်ငံ တကာအနေနဲ့ ကိုင်စွဲလုပ်ဆောင်သင့်ပါတယ်။ NLD ပါတီအနေနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်လျက်ရှိပါတယ” ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောဆိုသည်။
NUG အစိုးရအနေဖြင့် တော်လှန်ရေးရည်မှန်းချက်များဖြစ်သည့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ် တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန် လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက် ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာ သော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအ သစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိ ရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် တို့ကို ကိုင်စွဲကာ ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ကျနော်တို့ရဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေထဲမှာ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်အပါအဝင် နိုင်ငံ ရေး အကျဉ်း သားတွေအား လုံး ခြွင်းချက်မရှိ မဖြစ်မနေလွတ်မြောက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ တွေ အမြဲတမ်းပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစောကြီးက တည်းက ဒါဟာ မတရား ဖမ်း ဆီး အကျဉ်းချထားတာဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါ အဝင် နိုင်ငံ တော်သမ္မတကြီးတို့ ကိုရော အကုန်လုံးကို ဖမ်းဆီးတဲ့အချိန်မှာ စစ် တပ်ကသာလျှင် နိုင်ငံ တော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီ အခြေ အနေကိုလည်း မျက်ခြေမပြတ် ကြဖို့ အရေးကြီးပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေး ရဲ့ ရည် မှန်းချက်တွေ ၆ ချက်ဆိုတာ ထုတ် ပြန်ထားတာရှိပါတယ်။ ဒီရည်မှန်းချက် ၆ ချက်ရတဲ့အထိ တော်လှန်ရေးက တော့ ဆက်လက်ဆင်နွှဲ နေအုံးမှာ ဖြစ်ပါတယ်။” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆို သည်။




