29.4 C
Yangon

တောင်သာနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂ ရက်နေ့တွင် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“မဲတောကနေ့ ဇေယျာသီရီ ကို တက်လာတာတဲ့ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ခွေး စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၀ ကောင်သေဆုံးတယ်လို့ သိရတယ်။ ခွေးတွေ ရွာထဲ၀င်‌တော့ ရွာမီးရှို့သွားတယ်။ စစ်ခွေးဘက်ကတော့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ သူတို့အလောင်းတွေကို ထမ်းသွာပြီး ပြန်ကောက်သွားတာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူနယ်မြို့နယ် ကပစ-၂၂ မှ ကင်းလှည့်ရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူကာကွယ်ရေး LDF မှ တာဝန်ရှိသူနှင့် ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆိပ်ဖြူနယ်၊ ကပစ-၂၂ မှ ကင်းလှည့်ရန်ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက သပြေရေကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ဒုဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ဆိပ်ဖြူနယ်၊ ကပစ-၂၂ ကနေ ကင်းလှည့်ရန်ထွက်လာသော အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ခွေး စစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေး တပ်တွေက သပြေရေကျေးရွာ အနီးတွင် ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးသေစာရင်းကတော့ ဒုဗိုလ် ၁ဦး အပါအဝင် စစ်သား၂ ဦးသေဆုံးတယ်။ စစ်ခွေး ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ဆိပ်ဖြူ ကပစ ၂၂ ထဲကို ပြန်သယ်သွားကြတယ်။လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက သေပြရေကျေးရွာထဲတွင်ရှိနေတယ်လို့ သိရတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး “ဟု ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း၊ ဗိုလ်နားပေါက်အဖွဲ့နဲ့အတူ၊ မြို့နယ်ပကဖအဖွဲ့၊ ဆိပ်ဖြူနယ် တကိုယ်တော်ကျားဇိုးတိုနှင့် အတူပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

ပြည်သူများအနေဖြင့် ဆိပ်ဖြူ-ပေါက်လမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းပိုင်းများကို မကြာခဏ စစ်ကြောင်းထိုးနေခြင်းကြောင့် ပုသိမ်- မုံရွာလမ်းပိုင်းကို အသုံးမပြုကြရန် တိုက်တွန်း နှိုးဆော်ထားကြောင်း ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article