32.1 C
Yangon

ချင်းမိုင်တွင် လုပ်ခလစာမရ၍ အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မေ ၄

ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ မဲရိမ်မြို့နယ် (Mae Rim) ရှိ လုပ်ငန်းခွင်တွင် အလုပ်ရှင်ဖြစ်သူကို သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာလုပ်သား ၄ ဦးကို မေလ ၂ ရက်နေ့ ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်း ဝပ်ရုန်းခွန် (Wat Rong Khun) ဘုရားအနီး နယ်စပ်ကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံသား သံသယရှိသူ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူများကို ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လူသတ်မှုမှာ မေလ ၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ အသက် ၄၉ နှစ်အရွယ်ရှိ ရှမ်းတိုင်းရင်းသား (တိုင်ယိုင်) အမျိုးသား အုန်းဆောမ်ချိုင်း (Somchai) ဖြစ်ကာ ၎င်းသည် ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၄ ဦးနှင့်အတူ အလုပ်သမားစခန်းတွင် နေထိုင်သူဖြစ်ကာ ၎င်းတို့၏ အလုပ်ရှင်လည်း ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများအရ အလုပ်ရှင်ဖြစ်သူက လုပ်ခလစာများ မပေးချေဘဲ ထားရှိခြင်းနှင့် ပတ်သက်၍ အငြင်း ပွားမှု ဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ ၄ ဦးက သတ်ဖြတ်ရန် ကြိုတင်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အလုပ်ရှင်ဖြစ်သူ အိပ်ပျော်နေစဉ်အတွင်း အလုပ်သမား ၂ ဦးက လည်ပင်းကို လှီးဖြတ်၍ ဓားဖြင့် ထိုးသတ်ခဲ့ကြပြီး ကျန်အလုပ်သမား ၂ ဦးကမူ အပြင်မှ ကင်းစောင့်ပေးခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ပြစ်မှုကျူးလွန်ပြီးနောက် ၎င်းတို့ ၄ ဦးစလုံးမှာ အလုပ်သမားစခန်းမှ ချက်ချင်းထွက်ပြေးသွားခဲ့ကြပြီး CCTV မှတ်တမ်းများတွင်လည်း ၎င်းတို့ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့ရသည်။

လက်ရှိတွင် ၎င်းတို့ ၄ ဦးအား လူတစ်ဦးကို ဓားဖြင့် ပူးပေါင်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article