32.1 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နေအိမ်အချုပ်ရွှေ့ပြောင်းမှု သံတမန်ရေးရာ ဓားစာခံလုပ်ခြင်းဟု Suu Foundation ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၄

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းမှာ စစ်တပ်က သံတမန်ရေးရာ ဓားစာခံလုပ်ခြင်းသာဖြစ်ကြောင်း Suu Foundation ဘုတ်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ယနေ့ ထုတ်ပြန်သော Suu Foundation ၏ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လူသားဆန်သော ဆက်ဆံမှုမျိုး ပေးအပ်မည်ဆိုပါက ကြိုဆိုကြောင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကာလရှည်ကြာပြီးနောက် သူမအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန်မှာ အလွန်အရေးကြီးကြောင်း ဖော်ပြထားသည်။

သူမအနေဖြင့် မိသားစုဝင်များ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိရမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းရွှေ့ခြင်းမှာ “သံတမန်ရေးရာဓားစာခံ” (Hostage Diplomacy) လုပ်ခြင်းသက်သက်သာဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းဖြင့်သာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုမှ အကြွင်းမဲ့နှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို အမှန်တကယ် ရပ်တန့်ရန် တောင်းဆိုထားပြီး ယင်းသို့ လုပ်ဆောင်နိုင်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်မည်ဟု တိုက်တွန်းထားသည်။

အောင်မြင်မှုမရခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပါအဝင် သွေးခွဲအုပ်ချုပ်သည့် လမ်းစဉ်ဟောင်းများသည် ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မည်မဟုတ်ကြောင်း ၊ Suu Foundation အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဆက်လက်ကူညီသွားမည်ဖြစ်ပြီး၊ ပြည်သူလူထု၏ လိုအပ်ချက်နှင့် အကျိုးစီးပွားကို ဖော်ဆောင်နေသည့် အုပ်ချုပ်ရေးယန္တရားများကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Suu Foundation သည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေး ကဏ္ဍများတွင် အဓိကထား လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အရေးပေါ်လူနာတင်ယာဉ်ဝန်ထမ်း (Paramedic) သင်တန်းများ ဖော်ဆောင်ခြင်းနှင့် လမ်းဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်ကူညီခဲ့သည်။

မြန်မာနိုင်ငံအတွင်း လွန်ခဲ့သော ၁၈ လအတွင်း စီမံကိန်း ၂၇ ခုမှတစ်ဆင့် စစ်ဘေးရှောင်များ၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အထိခိုက်လွယ်ဆုံးသော ပြည်သူ ၄ သိန်းကျော်ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။ အကြမ်းမဖက်သော လူသားချင်းစာနာမှု လုပ်ဆောင်ချက်များမှတစ်ဆင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံဖြစ်လာစေရန် ရည်မှန်းလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

RANGOON, Burma (March 9, 2014) Nobel Peace Prize laureate Daw Aung San Suu Kyi addresses the participants of the East-West Center International Media Conference at a special pre-conference luncheon and announced the launch of the Suu Foundation, a humanitarian organization dedicated to advancing the health and education of the people of Myanmar (Burma). Former U.S. Secretary of State Hillary Clinton and former First Lady Laura Bush, who are honorary co-chairs of the foundation, delivered video messages at t
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article