30 C
Yangon

တနင်္သာရီနှင့် ဆိပ်ဖြူမြို့နယ်တွင် စစ်သား ၄ ဦး သေနတ် ၂ လက်နှင့်ခဲယမ်းများ ယူဆောင်လာကာ အလင်းဝင်

Must read

ရန်ကုန်၊ မေ ၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၂ ဦးသေနတ် ၂ လက်နှင့်ခဲယမ်းများ ယူဆောင်လာကာ အလင်းဝင်ရောက်လာကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယနေ့ မေလ ၆ ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၂ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နှင့် မဟာမိတ်တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်သား ၂ ဦးသည် MA-1 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ ကျည်ဆန် ၂၄၄ တောင့်နှင့် ကျည်ဘောက် ၇ ခု တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၂ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့ထံ လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော ကပစ ၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား ၂ ဦးသည် စစ်မှုထမ်းပတ်စဉ် ၁၇ နှင့် စစ်မှုထမ်း အပတ်စဉ် ၁၉ သင်တန်းဆင်းများဖြစ်ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့သူတွေက သေနတ်တော့မပါဘူး။ စစ်မှုထမ်း အပတ်စဉ် ၁၇ နဲ့ စစ်မှုထမ်း အပတ်စဉ် ၁၉ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article