31.3 C
Yangon

ဖားကန့်၊ မှော်စီဆာရွာ တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ၊ စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်သားအလောင်းများ ပြန့်ကျဲနေ

Must read

ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်သားအလောင်းများ ပြန့်ကျဲနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ မှော်စီဆာရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်သားများက နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် ထွက်လာစဉ် KIA ပူးပေါင်း တပ်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦးကိုအရှင်ဖမ်းမိခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ညနေ ၄ နာရီကျော်ခန့်တွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများထံမှ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

“စစ်ခွေးတွေ တပ်စွဲထားတဲ့ မှော်စီဆာရွာ ဘုန်ကြီးကျောင်းနားက ကမ်းပါးမှာတွေလည်း ဒီကောင်တွေရဲ့ စစ်ခွေးအလောင်းတွေ အများကြီးပဲ ပြန့်ကျဲနေတယ်။ မကောက်ကြသေးဘူး ဒီတိုင်းပဲ ကြည့်နေကြတာ ဒီကောင်တွေ အခုဒုတိယအကြိမ် ဗုံးလာကျဲပြီးသွားပြီ။ ဒီကောင်တွေ စစ်ရှုံးနေတဲ့အခါကြတော့ လေကြောင်းက လာပစ်ကူပြီးမှ ဒုတိယအကြိမ် ဗုံးလာကျဲတဲ့ အချိန်မှာ ဒီအဖွဲ့ကလည်း ဒီကောင်တွေ ထွက်လာပြီး နယ်မြေရှင်းတဲ့သဘော နယ်မြေလာပြီး ကြည့်တဲ့သဘောမှာရှိတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ထိပ်တိုက်တွေ့ပြီးမှ တော်လှန်ရေးအဖွဲ့တွေကလည်း လိုက်ရှင်းတာပေါ့” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်နှင့် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်၊ မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article